ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီမြို့နယ် ရပ်မိရပ်ဖများ ပါတီကော်မတီ ဝင်များနှင့် တွေ့ဆုံ

 

တနင်္သာရီ ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဒေါက်တာဦးကျော်ကျော်ဌေးနှင့်အဖွဲ့ ပါတီဝင်များအား တွေ့ဆုံ

 

ဖေဖော်ဝါရီ ၂၅၊ ပုလော

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး တိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ ​ဒေါက်​တာဦး​ကျော်​​ကျော်​​ဌေးနှင့်​အဖွဲ့မှ ​ပါတီဝင်​များအား ​တွေ့ဆုံခြင်းကို ၂၅.၂.၂၀၂၀ ၁၂း၄၅ နာရီအချိန်​ မြိတ်​ခရိုင်​၊ပု​​လောမြို့နယ်၊ ပြည်​ခိုင်ဖြိုးပါတီရုံးတွင် ​နိုင်​ငံ​တော်​အလံအား အ​လေးပြု​ ဆောက်​ရွက်​ခဲ့ပါသည်​။ တွေ့ဆုံပွဲသို့ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအတွင်း​ရေးမှူး ​ဒေါက်​တာဦး​ကျော်​​ကျော်​​ဌေးနှင့်​အတူ ဗဟိုအလုပ်​အမှု​ဆောင်​ တနင်္သာရီတိုင်း​ဒေသကြီး ပြည်ခိုင်ြ​ဖိုး ပါတီဥက္ကဌ ဦးသန်း​အောင်​၊ အတွင်း​ရေးမှူး ဦး​နေမျိုး၊ ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ဆက်​ဆံ​ရေး တာဝန်​ခံ ဦးမင်း​ဇော်​တို့ လိုက်​ပါတွေ့ဆုံ ခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ရပ်မိရပ်ဖများ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

 

ထားဝယ် ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ ဒေါက်တာ ကျော်ကျော်ဌေးသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပါတီဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသန်းအောင် လိုက်ပါ၍ ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက် ရေးလမ်းဘေးတွင် နေထိုင်သော ဦးကျော်မြင့်အိမ်၌ ရပ်မိ ရပ်ဖများ၊ ပါတီကော်မတီဝင်များ၊ ပါတီကိုစိတ်ပါဝင်စားသူ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့ ရာတွင် အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ တနင်္သာရီမြို့နယ် ရေကြီးနစ်မြုပ် အိမ်ထောင်စုများအား ဆန်များပေးအပ်

 

တနင်္သာရီ သြဂုတ် ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်မှ တနင်္သာရီမြို့နယ် ရေကြီးနစ်မြုပ်သည့် အိမ်ထောင်စုများ အတွက် ဆန်များပေးအပ် လှူဒါန်းခဲ့ရာ တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့မှ ယမန်နေ့ နံနက် ၈ နာရီခွဲက စုပေါင်းဝန်ထမ်းအဆောင်နှင့် မြို့နယ်ပညာရေးမှူးရုံး အဆောင်တို့တွင် နေထိုင်ကြသော ဝန်ထမ်း များအား ဆန်များထောက်ပံ့လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်မှ တနင်္သာရီမြို့နယ် ရေဘေးသင့်ပြည်သူများအား ဆန်များ ပေးအပ်လှူဒါန်း

 

တနင်္သာရီ သြဂုတ် ၁၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်မှ တနင်္သာရီမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်း ခဲ့သော ဆန်များအား ပါတီဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဒေါက်တာ ကျော်ကျော်ဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသန်းအောင်တို့သည် ပါတီတာဝန်ရှိ သူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီခွဲက တနင်္သာရီမြို့နယ်ရှိ ဇဝဲကျေးအုပ်စု ဇဝဲကျေးရွာ၊ ချောင်းကြီး ရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်တို့တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ တနင်္သာရီမြို့နယ်တွင် သြဂုတ်လ လဆန်းပိုင်းမှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး လူနေအိမ် များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အစိုးရအဆောက်အအုံများ၊ အဆောင်များ ရေနစ်မြုပ် လျက်ရှိကြောင်းသိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီတာဝန်ရှိသူများ မြိတ်ခရိုင်အတွင်းရှိ မြို့နယ် ရပ်ကျေးပါတီ ကော်မတီများ နှင့်တွေ့ဆုံ

 

မြိတ် သြဂုတ် ၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဒေါက်တာကျော်ကျော်ဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးသန်းအောင်တို့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးသို့ ရောက်ရှိပြီး မြိတ်ခရိုင်၊ ကျွန်းစု၊ တနင်္သာရီ၊ မြိတ်မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များအား တွေ့ဆုံခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

တနင်္သာရီ ဇွန် ၉

တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉နာရီခွဲက ချောင်းကူးငယ်ရပ်ကွက်ရှိ မြိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြု၍ နိုင်ငံတော်သီချင်း သီဆိုကာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ကျေးရွာအုပ်စု ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ ရေနွေးကြမ်းစကားဝိုင်း ကျင်းပ

 

တနင်္သာရီ ဇွန် ၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထင်ပေါ် ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီမှ စတင်၍ တမုတ်ချုံးကျေးရွာ အုပ်စုနှင့် ချောင်းလမုကျေးရွာ အုပ်စုတို့၏ ပါတီတော်မတီဝင်များနှင့် တွေ့ဆုံကာ ရေနွေးကြမ်းစကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။