မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံအကြိုတွေ့ဆုံပွဲကျင်းပ

 

တနင်္သာရီတိုင်းဒေသကြီးမြိတ် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပ သောမြို့နယ်အဆင့်လူငယ်ညီလာခံ အကြိုလူငယ်တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၈နာရီခွဲတွင် မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းဝေး ခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားကိုတက်ရောက် လာသူများက နိုင်ငံတော်သီချင်း ဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ကြပြီး မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမိုးမြင့်က အမှာစကားပြောကြား ခဲ့ပြီး မြို့နယ်လူငယ်တာဝန်ခံဦးမြင့် သိန်းက ပါတီဝင်လူငယ်များနှင့် ပတ်သက်သည့် အကြောင်းအရာ များကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါအခမ်း အနားကိုမြိတ်ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဝင်းဆွေ၊ မြိတ်မြို့ နယ်ဥက္ကဋ္ဌ ဦးမိုးမြင့်နှင့်တိုင်းခရိုင် နှင့် မြိတ်မြို့နယ်မှပါတီကော်မတီ ဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက် နှင့် ကျေးရွာစည်းရုံးမှူးနှင့်ပါတီ ဝင်လူငယ်မောင်မယ်များစုစုပေါင်း အင်အား၂၅ဝကျော် တက်ရောက် ခဲ့ကြပြီး အကြိုညီလာခံသို့ တက် ရောက်လာကြသည့်ပါတီဝင်လူငယ် များမှရေးရာကဏ္ဍအလိုက် ဆောင် ရွက်ရမည့် ပါတီလုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ အစုအဖွဲ့ခုနစ်ဖွဲ့ ဖြင့်သတ်မှတ်ခွဲဝေဆွေးနွေးဖလှယ် ကြပြီးစာတမ်းများပြုစုခြင်း၊လုပ်ငန်း ကဏ္ဍအလိုက်လူငယ်အစုအဖွဲ့တစ် ခုချင်းစီတို့မှ အဆိုကိုဖတ်ကြား တင်သွင်းခြင်းနှင့် ညီလာခံအဆင့် ဆင့်သို့ တက်ရောက်နိုင်မည့် လူ ငယ်ကိုယ်စားလှယ်များကိုလျှို့ဝှက် ဆန္ဒမဲပေး ရွေးချယ်စနစ်ဖြင့် ရွေး ချယ်ခဲ့ကြကာ အခမ်းအနားကိုပြည် ခိုင်ဖြိုးလူငယ်သီချင်းဖြင့် ပါတီဝင် လူငယ်များက သံပြိုင်သီဆိုကပြ ခြင်းများဖြင့် အခမ်းအနားကို မွန်းလွဲ ၃ နာရီတွင် ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

ကျော်လင်း(မြိတ်)