မောတောင်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗလာစာအုပ်လှူဒါန်း

 

တနင်္သာရီမြို့နယ် မောတောင် မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးပါတီမှ ဗလာစာအုပ်များပေး အပ်လှူဒါန်းပွဲကို မောတောင်မြို့ အမှတ်(၉) မူလွန်ကျောင်းတွင် ပထမတန်းနှင့်ဒုတိယတန်းကျောင်း သားကျောင်းသူ ၈၆ ဦးတို့အား ယမန်နေ့ နံနက် ၁၁နာရီ ၁၅မိနစ် က ပေးအပ်လှူဒါန်းပွဲကျင်းပခဲ့ ကြောင်း သိရသည်။

၎င်းဗလာစာအုပ်ပေးအပ် လှူ ဒါန်းမှုကို တိုင်းဒေသကြီး ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကော် မတီဝင်ဦးအောင်ဆန်း လွင်က ဦးဆောင်၍ မောတောင်မြို့ ကော်မတီဝင်ဦးသက်ခိုင်၊ဦးသောင်း နိုင်၊ဦးအောင်မိုး၊ အမှတ်(၁) ဥက္ကဋ္ဌ ဦသန်းဇော်ဦး၊ အမှတ်(၉)ဥက္ကဋ္ဌ ဦးတရုတ်နှင့်ပါတီဝင်များပူးပေါင်း၍ မောတောင်မြို့ အမှတ်(၉)မူလွန် ကျောင်းသို့သွားကာ ပထမတန်း ကျောင်းသားကျောင်းသူ ၃၈ ဦးနှင့် ဒုတိယတန်းကျောင်းသားကျောင်းသူ ၄၈ ဦး စုစုကျောင်း ၈၆ ဦးတို့အား တစ်ဦးလျှင် ဗလာစာအုပ်တစ်ဒါဇင် စီဖြင့် ၈၆ ဒါဇင်ကို အသီးသီးပေး အပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဖြူမျိုး(တနင်္သာရီ)