ဥရောပသမဂ္ဂ (အီးယူ)က Novartis ၏ အဆင့်မြင့်ကင်ဆာကျိတ်ကုသနည်းအသစ်ကို အတည်ပြုလိုက် သည် ဟု ဆွစ်ဇာလန် ဆေးဝါးကုမ္ပဏီဖြစ်သော Novartis က ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
Pluvicto ဟု ခေါ်သည့် ကုသနည်းကို ဆီးကျိတ်ကင်ဆင်ပျံ့နှံ့နေသော လူကြီးလူနာများအတွက် ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်ဟု Novartis က ဖော်ပြထားသည်။ ၂၀၂၂ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ဆီးကျိတ်ကင်ဆာရောဂါဖြစ်ပွားသောလူနာသစ် ၁ ဒသမ ၄ သန်းကျော်ရှိနေပြီး ၃၇၅, ၀၀၀ သေဆုံးထား သည်ဟု ယင်းကုမ္ပဏီက ဖော်ပြသည်။