ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရပြည့်ဝတဲ့အသီးခြောက်တွေအကြောင်းပြောမယ်ဆိုရင် ဇယားရဲ့ထိပ်ဆုံးမှာ အမြဲတမ်းရှိနေတဲ့ စပျစ်သီးခြောက်ကို ချန်ထားခဲ့လို့မရပါဘူး။ အခြောက်ခံထားတဲ့ စပျစ်သီးခြောက်က ကျန်းမာရေးအတွက် ကောင်းတဲ့အပြင် အရသာလည်းရှိပါတယ်။ စပျစ်သီးက အာဟာရဓာတ်ကြွယ်ဝဆိုတာကို ကျွန်တော်တို့တွေသိပြီးသားပါ။ စပျစ်သီးကို အခြောက်ခံလိုက်မယ်ဆိုရင် အာဟာရဓာတ်ပိုများပြီး ကယ်လိုရီသိပ်သည်းစေပါတယ်။
စပျစ်သီးခြောက်က အရှေ့အလယ်ပိုင်းဒေသကနေ ဖြစ်လာတာဖြစ်ပြီး ဉပရောပနိုင်ငံတွေမှာ တဖြည်းဖြည်း လူသိများလာခဲ့တာပါ။ အဲဒီအချိန်တုန်းက စပျစ်သီးခြောက်ကို အစာအဆိပ်သင့်တာကို ကုသဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ အခုတော့ ကမ္ဘာ့တစ်ဝှမ်းမှာ စားသုံးကြတဲ့သစ်သီးခြောက်ဖြစ်ပြီး Smoothie၊ ဖျော်ရည်၊ ဒိန်ချဉ်၊ အုတ်ဂျုံတွေမှာ ထည့်ပြီးစားသုံးလာကြပါတယ်။