အာဖဂန်နစ္စတန်မှာ နိုင်ငံခြားဧည့်သည်တွေ လိုက်ပါလာတဲ့ ယာဉ်တန်း တိုက်ခိုက်ခံရ
(ဓာတ်ပုံ – အီးပီအေ)
အာဖဂန်နစ္စတန် အနောက်ပိုင်းမှာ နိုင်ငံခြားခရီးသွား ဧည့်သည်တွေလိုက်ပါလာတဲ့ ယာဉ်တန်းကို စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့လို့ (၆) ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အာဖဂန်တပ်သားများရဲ့ အစောင့်အရှောက်ဖြင့် လိုက်ပါလာတဲ့ နိုင်ငံခြား ခရီးသည် (၁၂) ဦး ပါတဲ့ အုပ်စုဟာ ဟီရတ်မြို့ကို သွားစဉ် လမ်းမှာ ချုံခိုတိုက်ခိုက် ခံခဲ့ကြရတာဖြစ်တယ်လို့ အာဖဂန် အရာရှိတွေက ဘီဘီစီကို ပြောပါတယ်။
အဆိုပါခရီးသွားဧည့်သည်တွေကတော့ ဗြိတိန်က (၈) ဦး၊ အမေရိကန် နိုင်ငံသား (၃) ဦးနဲ့ ဂျာမန် (၁) ဦးတို့ ဖြစ်ပါတယ်။
အာဖဂန်နစ္စတန်ရဲ့ အဓိကလမ်းမကြီးများမှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုများနဲ့ ပြန်ပေးဆွဲများ မကြာခဏ ရှိနေလို့ အန္တရာယ်များပြီး အများစုမှာ တာလီဘန်တွေရဲ့ လက်ချက်ဖြစ်ပါတယ်။
Ref; BBC