အမေရိကန်နှင့် အစ္စရေး ကာကွယ်ရေးအကူအညီ သဘောတူညီချက်ရရန် နီးစပ်လာ

အရှေ့အလယ်ပိုင်းတွင် အမေရိကန်နိုင်ငံ၏ ထိပ်တန်းမဟာမိတ် အစ္စရေးနိုင်ငံသို့ ဒေါ်လာဘီလီယံများစွာ တန်ကြေးရှိ စစ်ဘက်ဆိုင်ရာအကူအညီသစ် ထပ်မံပေးရေး ဆွေးနွေးညှိနှိုင်းမှုများ၌ ကျန်ရှိနေသေးသော ကွာဟချက်များကို ကျဉ်းမြောင်းအောင် လုပ်နိုင်ခဲ့ပြီး မကြာမီ သဘောတူညီချက်ရမည်ဟု နှစ်ဖက်စလုံးက မျှော်လင့်ကြောင်း ကန်ထိပ်တန်းအရာရှိကြီးတစ်ဦး က ပြောသည်။

(၁၀)နှစ်ကြာ ကာကွယ်ရေး သဘောတူညီမှု အသစ်အတွက် သုံးရက်ကြာ တံခါးပိတ် အစည်းအဝေးများ အပြီးသတ်သွားပြီ ဖြစ်သည်။

ဝါရှင်တန်မြို့အစည်းအဝေးကို အစ္စရေးအမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲ ဂျက်ကော့ဘ်နာဂျယ်က ဦးဆောင်ခဲ့ပြီး ကန်အမျိုးသားကာကွယ်ရေး အကြံပေးပုဂ္ဂိုလ် ဆူဆန်ရိုက်စ်နှင့်လည်း တွေ့ဆုံခဲ့သည်။

အီရန်နျူသဘောတူညီချက်နှင့် ပတ်သက်၍ ကန်သမ္မတ အိုဘားမားနှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုတို့ကြား အဆင်မပြေမှုကြောင့် ဆွေးနွေးပွဲများ ကြာမြင့် နေခဲ့သည်။

‘‘ကျွန်တော်တို့ တိုးတက်မှု တွေရခဲ့ပြီး ကွာဟမှုတွေ ကျဉ်းမြောင်းအောင် လုပ်နိုင်ခဲ့ပါတယ်။ မကြာမီ သဘောတူညီချက် ရမယ်လို့ မျှော်လင့်ပါတယ်’’ဟု ကန် ထိပ်တန်း အရာရှိကြီးက ရိုက်တာသတင်းဌာနအား ပြောကြား သော်လည်း ဆွေးနွေးပွဲပြီးဆုံးမည့် အချိန်အတိအကျကိုမူ ထုတ်ဖော် ပြောခြင်းမရှိပေ။

—Ref: Reuters


Leave a Reply