မေတ္တာရောင်​ခြည်​ ​ကျောင်းတိုက်​ရှိ ဓမ္မစကူးလ်​ကျောင်းသား/​ကျောင်းသူများအား ပြင်​ဦးလွင်​မြို့ နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ ဗလာစာအုပ်​များလှူဒါန်း

 

မတ်​(၈)၊ပြင်​ဦးလွင်

ပြင်​ဦးလွင်​မြို့နယ်​၊ သံမဏိစက်​ရုံ၊ ကျွဲနားထောက်စံပြကျေးရွာရှိ ​မေတ္တာ​ရောင်​ခြည်​​ကျောင်းတိုက်​ ၂၀၁၇- ၂၀၁၈ပညာသင်​နှစ်​၊ ဓမ္မစကူး​ကျောင်းသား/​ကျောင်းသူများ အာစရိယပူ​ဇော်​ပွဲနှင့်​ဆုနှင်း    သဘင်​ပွဲအခမ်းအနားကို ယ​နေ့နံနက် ​၉နာရီခွဲက ကျင်းပခဲ့ရာ ပြင်​ဦးလွင်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ ဗလာစာအုပ်​များ သွား​ရောက်​လှူဒါန်းခဲ့သည်​။
အခမ်းအနားသို့ ပြင်​ဦးလွင်​ခရိုင်​ပြည်​ခိုင်​ဖြိုးပါတီ ဥက္ကဋ္ဌဦးဝင်းကြည်နှင့်​ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ ပြင်​ဦးလွင်​မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌဦးလင်း​ဇော်​မင်းနှင့်​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ပါတီဝင်​၊ဖိတ်​ကြားထား​သောဧည့်​သည်​​တော်​များ တက်​​ရောက်​ခဲ့ကြ​ကြောင်း သိရသည်​။
ပြင်​ဦးလွင်​မြို့နယ်​၊သံမဏိစက်​ရုံ၊ကျွဲနားထောက်စံပြကျေးရွာ၊ ​မေတ္တာ​ရောင်​ခြည်​​ကျောင်းတိုက်​ရှိ ဓမ္မစကူး​ကျောင်းသား/​ကျောင်းသူများအား မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ ဗလာစာအုပ်​(၅၅)ဒါဇင်​​ပေးအပ်​လှူဒါန်းခဲ့​ကြောင်း သိရသည်​။

သုတ