လယ်ဝေးမြို့နယ်တွင် ပါတီပြန်လည်ရွေးချယ်ဖွဲ့စည်းရေး ကွင်းဆင်းဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်၊ လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးအဖွဲ့ (၂) ခေါင်းဆောင် ဦးဇော်အောင်၊ ဦးဝင်းနိုင်ဦး ဒေါ်နွယ်နွယ် ဝင်းတို့သည် မေလ (၁၈) ရက် နံနက်ပိုင်းက အောင်သာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အလားတူ မေလ (၁၇) ရက်ကလည်း လယ်ဝေးမြို့နယ် သစ်ကြိမ်းကျေးရွာအုပ်စု ပါတီပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးအတွက် ကြို့ကုန်းကျေးရွာ ဦးဝင်းမြင့်နေအိမ်၌ အဖွဲ့ (၂) က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Credit – Hein Aung