လှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အင်အားစိစစ်ရေးလုပ်ငန်းညှိနှိုင်း

 

ရန်ကုန် ဇန်နဝါရီ ၁၃

လှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးတွင် ပါတီဝင်အင်အား စိစစ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းလွင်၊ အတွင်းရေးမှူး ဦးသန်းအေး၊ ဘဏ္ဍာရေးမှူး ဦးမြသောင်းနှင့် ကော်မတီ ဝင်များ၊ ရပ်ကွက် ၁၆ရပ်ကွက်မှ ပါတီ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

အစီအစဉ်အရ မြို့နယ်ပါတီဥက္ကဋ္ဌက ပြောကြားရာတွင် နယ်မြေတာဝန်ခံများ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများအား ပါတီဝင် အင်အားစိစစ်ရေးပြုလုပ်ရာတွင်အချင်းချင်း စည်းစည်းလုံးလုံးနှင့် ဆောင်ရွက်ကြရန်နှင့် နယ်မြေတာဝန်ခံများလည်း မိမိတို့နယ်မြေ ကို ဖိဖိစီးစီးကွင်းဆင်းဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် နယ်မြေတာဝန်ခံများ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌများက ကွင်းဆင်းဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြကြပြီး အစည်း အဝေးကို မွန်းလွဲ ၂နာရီခွဲတွင် ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

ဗိုလ်အုန်း(လှိုင်)