ဂ်ပန္နိုင္ငံမွ ျမန္မာလုပ္သား ၆၀၀ နီးပါး ထပ္မံေခၚယူထား

ဇန္နဝါရီလ ၁၇

ဂ်ပန္နိုင္ငံရွိ ကုမၸဏီမ်ားတြင္ အလုပ္လုပ္ကိုင္ရန္အတြက္ ျမန္မာလုပ္သား ၆၀၀ နီးပါးကို ထပ္မံေခၚယူထားေၾကာင္း တိုက်ိဳၿမိဳ႕ရွိ ဂ်ပန္နိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက အသိေပးထုတ္ျပန္ထားပါတယ္။ ျမန္မာသံ႐ုံး၊ တိုက်ိဳ ၿမိဳ႕မွ ဇန္နဝါရီလ ၁ ရက္ကေန ဇန္နဝါရီလ‌ ၁၅ ရက္အတြင္း နိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ စိစစ္ၿပီး ေပးပို႔ျပန္ၾကားခဲ့တဲ့ အလုပ္ကမ္းလွမ္းစာ ၁၉၀ ခုနဲ႔ ပတ္သက္တဲ့အခ်က္အလက္မ်ားအား အသိေပးထုတ္ျပန္ထားျခင္း ျဖစ္ပါတယ္။
ဂ်ပန္ကုမၸဏီမ်ားက ဂ်ပန္နိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးမွတစ္ဆင့္ ကမ္းလွမ္းလာသည့္ အလုပ္ကမ္းလွမ္းစာ ၁၉၀ ခုအတြက္ အလုပ္သမား ၅၉၂ ဦး ေခၚယူထားျခင္းျဖစ္ပါတယ္။ ျမန္မာသံ႐ုံးအေနျဖင့္ နိုင္ငံျခားေရးဝန္ႀကီးဌာနကတစ္ဆင့္ ေပးပို႔လာတဲ့ အလုပ္ကမ္းလွမ္းစာ( Demand Letter )မ်ားကို စိစစ္ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း သိရပါတယ္။
ယင္းသို႔ စိစစ္ေဆာင္ရြက္ရာတြင္ ဂ်ပန္နိုင္ငံရွိ အလုပ္သမားႀကီးၾကပ္ေရး ကုမၸဏီႏွင့္ အလုပ္ေခၚယူတဲ့ စက္႐ုံ/ ကုမၸဏီမ်ားသည္ ဂ်ပန္နိုင္ငံတြင္ တရားဝင္တည္ေထာင္ထားျခင္း ရွိ/ မရွိ စာရြက္စာတမ္း အေထာက္အထားမ်ားစိစစ္ၿပီး စိစစ္ေတြ႕ရွိခ်က္မ်ား၊ သေဘာထားမွတ္ခ်က္မ်ားကို နိုင္ငံျခားေရးဝန္ႀကီးဌာန ကေနတစ္ဆင့္ အလုပ္သမားဝန္ႀကီးဌာနသို႔ ျပန္လည္ ေပးပို႔လ်က္ရွိေၾကာင္း သိရပါတယ္။

============

ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ၆၀၀ နီးပါး ထပ်မံခေါ်ယူထား”

ဇန်နဝါရီလ ၁၇

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား ၆၀၀ နီးပါးကို ထပ်မံခေါ်ယူထားကြောင်း တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။ မြန်မာသံရုံး၊ တိုကျို မြို့မှ ဇန်နဝါရီလ ၁ ရက်ကနေ ဇန်နဝါရီလ‌ ၁၅ ရက်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပြီး ပေးပို့ပြန်ကြားခဲ့တဲ့ အလုပ်ကမ်းလှမ်းစာ ၁၉၀ ခုနဲ့ ပတ်သက်တဲ့အချက်အလက်များအား အသိပေးထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။
ဂျပန်ကုမ္ပဏီများက ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတစ်ဆင့် ကမ်းလှမ်းလာသည့် အလုပ်ကမ်းလှမ်းစာ ၁၉၀ ခုအတွက် အလုပ်သမား ၅၉၂ ဦး ခေါ်ယူထားခြင်းဖြစ်ပါတယ်။ မြန်မာသံရုံးအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာ( Demand Letter )များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။
ယင်းသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူတဲ့ စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာန ကနေတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည် ပေးပို့လျက်ရှိကြောင်း သိရပါတယ်။