CIES Football Observatoryက စစ္တမ္းေကာက္ယူ ေဖာ္ျပခဲ့သည့္ ကမၻာ့တန္ေၾကး အျမင့္ဆုံး ကစားသမားစာရင္းတြင္ ဘယ္လင္ဟမ္ ထိပ္ဆုံး၌ရပ္တည္

ဇန္နဝါရီ ၈

ဆြစ္ဇာလန္နိုင္ငံအေျခစိုက္ CIES Football Observatory မွ ထုတ္ျပန္ခဲ့သည့္ ခန႔္မွန္းေျပာင္းေရႊ႕ ေၾကးတန္ဖိုးအျမင့္ဆုံး ေဘာလုံးသမားစာရင္းတြင္ ရီးယဲလ္မက္ဒရစ္အသင္း၏ အဂၤလန္ၾကယ္ပြင့္ကြင္းလယ္လူ ဘယ္လင္ဟမ္က ထိပ္ဆုံးတြင္ရပ္တည္ခဲ့ၿပီး ထိပ္ဆုံး (၅)ဦး စာရင္းတြင္ ရီးယဲလ္မက္ဒရစ္အသင္းမွ (၃)ဦးျဖင့္အမ်ား ဆုံးပါဝင္ခဲ့ေၾကာင္းသိရပါတယ္။

CIES Football Observatory က စစ္တမ္းေကာက္ယူ ေဖာ္ျပခဲ့သည့္ ကမၻာ့တန္ေၾကးအျမင့္ဆုံး ကစားသမား စာရင္းတြင္ ဘယ္လင္ဟမ္က ယူရို ၂၃၀ ဒသမ ၂ သန္းျဖင့္ ထိပ္ဆုံး၌ရပ္တည္ခဲ့ၿပီး ၎ေနာက္တြင္ မန္စီးတီးအသင္းမွ ဟာလန္းက ယူရို ၂၁၆ ဒသမ ၃ သန္းျဖင့္ အဆင့္ (၂)၊ ရီးယဲလ္မက္ဒရစ္အသင္းမွ ဗင္နီစီးယပ္စ္က ယူရို ၂၁၅ ဒသမ ၅ သန္းျဖင့္ အဆင့္ (၃)၊ ရိုဒရီဂိုက ယူရို ၂၁၃ ဒသမ ၄ သန္းျဖင့္ အဆင့္ (၄)၊ အာဆင္နယ္အသင္းမွ ဆာကာက ယူရို ၁၉၂ သန္းျဖင့္ အဆင့္ (၅)၊ မန္စီးတီးအသင္းမွ ဖိုဒန္က ယူရို ၁၆၈ ဒသမ ၆ သန္းျဖင့္ အဆင့္ (၆)၊ ဘာစီလိုနာ အသင္းမွ ဂါဗီက ယူရို ၁၅၁ သန္းျဖင့္ အဆင့္ (၇)၊ မန္စီးတီးအသင္းမွ အယ္ဗာရက္ဇ္က ယူရို ၁၄၁ ဒသမ ၈ သန္းျဖင့္ အဆင့္ (၈)၊ ဘိုင္ယန္ျမဴးနစ္အသင္းမွ မူစီလာက ယူရို ၁၃၁ ဒသမ ၂ သန္းျဖင့္ အဆင့္ (၉) ႏွင့္ အာဆင္နယ္အသင္းမွ အိုဒီဂက္စ္က ယူရို ၁၂၉ ဒသမ ၇ သန္းျဖင့္ အဆင့္ (၁၀) ေနရာတြင္ အသီးသီး ရပ္တည္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းႏွင့္ တိုက္စစ္မႉး အမ္ဘတ္ပီ ၏ စာခ်ဳပ္သက္တမ္းမွာ ယခုေဘာလုံးရာသီ အကုန္ တြင္ ကုန္ဆုံးမည္ျဖစ္သည့္အတြက္ အဆင့္ (၁၀) ေနရာ၌ပင္ ဝင္ေရာက္ခဲ့ျခင္းမရွိေၾကာင္း သိရပါတယ္။

CIES သည္ ကစားသမားမ်ား၏ အသက္အရြယ္၊ စြမ္းေဆာင္ရည္မွတ္တမ္း၊ ေအာင္ျမင္မႈ၊ ပုံရိပ္ေက်ာ္ၾကားမႈႏွင့္ စာခ်ဳပ္သက္တမ္းတို႔ကို ခ်ိန္ထိုးကာ ယခုကဲ့သို႔ ခန႔္မွန္းေျပာင္းေရႊ႕ေၾကးမ်ားကို တြက္ခ်က္ခဲ့ျခင္းျဖစ္ၿပီး ထိပ္ဆုံး (၁၀)ဦးတြင္ လာလီဂါမွ (၄) ဦးျဖင့္ ဒုတိယအမ်ားဆုံးပါဝင္ခဲ့ေၾကာင္းသိရပါတယ္။

==============

CIES Football Observatoryက စစ်တမ်းကောက်ယူ ဖော်ပြခဲ့သည့် ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ကစားသမားစာရင်းတွင် ဘယ်လင်ဟမ် ထိပ်ဆုံး၌ရပ်တည်

ဇန်နဝါရီ ၈

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် CIES Football Observatory မှ ထုတ်ပြန်ခဲ့သည့် ခန့်မှန်းပြောင်းရွှေ့ ကြေးတန်ဖိုးအမြင့်ဆုံး ဘောလုံးသမားစာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်း၏ အင်္ဂလန်ကြယ်ပွင့်ကွင်းလယ်လူ ဘယ်လင်ဟမ်က ထိပ်ဆုံးတွင်ရပ်တည်ခဲ့ပြီး ထိပ်ဆုံး (၅)ဦး စာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ (၃)ဦးဖြင့်အများ ဆုံးပါဝင်ခဲ့ကြောင်းသိရပါတယ်။

CIES Football Observatory က စစ်တမ်းကောက်ယူ ဖော်ပြခဲ့သည့် ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမား စာရင်းတွင် ဘယ်လင်ဟမ်က ယူရို ၂၃၀ ဒသမ ၂ သန်းဖြင့် ထိပ်ဆုံး၌ရပ်တည်ခဲ့ပြီး ၎င်းနောက်တွင် မန်စီးတီးအသင်းမှ ဟာလန်းက ယူရို ၂၁၆ ဒသမ ၃ သန်းဖြင့် အဆင့် (၂)၊ ရီးယဲလ်မက်ဒရစ်အသင်းမှ ဗင်နီစီးယပ်စ်က ယူရို ၂၁၅ ဒသမ ၅ သန်းဖြင့် အဆင့် (၃)၊ ရိုဒရီဂိုက ယူရို ၂၁၃ ဒသမ ၄ သန်းဖြင့် အဆင့် (၄)၊ အာဆင်နယ်အသင်းမှ ဆာကာက ယူရို ၁၉၂ သန်းဖြင့် အဆင့် (၅)၊ မန်စီးတီးအသင်းမှ ဖိုဒန်က ယူရို ၁၆၈ ဒသမ ၆ သန်းဖြင့် အဆင့် (၆)၊ ဘာစီလိုနာ အသင်းမှ ဂါဗီက ယူရို ၁၅၁ သန်းဖြင့် အဆင့် (၇)၊ မန်စီးတီးအသင်းမှ အယ်ဗာရက်ဇ်က ယူရို ၁၄၁ ဒသမ ၈ သန်းဖြင့် အဆင့် (၈)၊ ဘိုင်ယန်မြူးနစ်အသင်းမှ မူစီလာက ယူရို ၁၃၁ ဒသမ ၂ သန်းဖြင့် အဆင့် (၉) နှင့် အာဆင်နယ်အသင်းမှ အိုဒီဂက်စ်က ယူရို ၁၂၉ ဒသမ ၇ သန်းဖြင့် အဆင့် (၁၀) နေရာတွင် အသီးသီး ရပ်တည်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းနှင့် တိုက်စစ်မှူး အမ်ဘတ်ပီ ၏ စာချုပ်သက်တမ်းမှာ ယခုဘောလုံးရာသီ အကုန် တွင် ကုန်ဆုံးမည်ဖြစ်သည့်အတွက် အဆင့် (၁၀) နေရာ၌ပင် ဝင်ရောက်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။

CIES သည် ကစားသမားများ၏ အသက်အရွယ်၊ စွမ်းဆောင်ရည်မှတ်တမ်း၊ အောင်မြင်မှု၊ ပုံရိပ်ကျော်ကြားမှုနှင့် စာချုပ်သက်တမ်းတို့ကို ချိန်ထိုးကာ ယခုကဲ့သို့ ခန့်မှန်းပြောင်းရွှေ့ကြေးများကို တွက်ချက်ခဲ့ခြင်းဖြစ်ပြီး ထိပ်ဆုံး (၁၀)ဦးတွင် လာလီဂါမှ (၄) ဦးဖြင့် ဒုတိယအများဆုံးပါဝင်ခဲ့ကြောင်းသိရပါတယ်။