
အောက်တိုဘာ ၅

=======================

နဂါးလှေ မီတာ ၅၀၀ ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ကြေးတံဆိပ်ဆုရရှိ

အောက်တိုဘာ ၅
တရုတ်နိုင်ငံတွင် ကျင်းပနေသော (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၊ နဂါးလှေပြိုင်ပွဲ မီတာ (၅၀၀) အမျိုးသမီးပွဲစဉ်များ ယှဉ်ပြိုင်မှုအပြီးတွင် မြန်မာအသင်း ကြေးတံဆိပ်ဆုရရှိခဲ့ကြောင်း သိရပါတယ်။
ဗိုလ်လုပွဲတွင် စံချိန် (၂.၂၄.၈၉၀) စက္ကန့်ဖြင့် ပန်းဝင်ခဲ့သောကြောင့် တတိယဆု အဖြစ်‌ကြေးဆုကို ရရှိခဲ့‌ခြင်းလည်းဖြစ်ပါတယ်။
ပထမရွှေတံဆိပ်ကို အိမ်ရှင်တရုတ်၊ ဒုတိယငွေတံဆိပ်ကို အင်ဒိုနီးရှားတို့က ရရှိခဲ့ကြောင်း သိရပါတယ်။