“တ႐ုတ္နိုင္ငံ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားက ေျမာက္ကိုရီးယားနိုင္ငံတြင္ က်င္းပျပဳ လုပ္ခဲ့ သည့္ ကိုရီးယားစစ္ပြဲ ႏွစ္ ၇၀ျပည့္ အထိမ္းအမွတ္ပြဲ ကို covid ကူးစပ္ေရာဂါျဖစ္ပြားမႈမ်ားအၿပီးတြင္ ပထမဆုံး အႀကိမ္အျဖစ္ ေရာက္ရွိလာခဲ့”

ဇူလိုင္ ၃၁
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္း က ေတာင္-ေျမာက္ ကိုရီးယားစစ္ပြဲ ၿပီးဆုံးျခင္း ႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္အျဖစ္ ျပဳံယမ္း(ေျမာက္ကိုရီးယား) သို႔ အလည္အပတ္ ခရီးစဥ္ ေရာက္ရွိေနသည့္ တ႐ုတ္နိုင္ငံ ကိုယ္ စားလွယ္အဖြဲ႕ႏွင့္ ေတြ႕ဆုံမႈမ်ားျပဳလုပ္ခဲ့ၿပီး ႏွစ္နိုင္ငံဆက္ဆံေရးကို အဆင့္အသစ္တစ္ခုသို႔ ျမႇင့္တင္သြားမွာျဖစ္တယ္လို႔ ကတိျပဳခဲ့ေၾကာင္း ေျမာက္ကိုရီးယားနိုင္ငံပိုင္ မီဒီယာက ၿပီးခဲ့သည့္ စေနေန႔တြင္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

တ႐ုတ္နိုင္ငံ ကြန္ျမဴနစ္ပါတီ ေပၚလစ္ ဗ်ဴရိုအဖြဲ႕၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သည့္ Li Hongzhong ဦးေဆာင္ေသာ တ႐ုတ္ အရာရွိမ်ားအား ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္က ေသာၾကာေန႔တြင္ ဧည့္ခံေတြ႕ ဆုံမႈမ်ား ျပဳလုပ္ခဲ့ပါတယ္။

အဆိုပါ တ႐ုတ္နိုင္ငံ ကိုယ္စားလွယ္အဖြဲ႕သည္ ကမၻာ့ Covid-19 ကူးစက္ ေရာဂါ ျဖစ္ပြား ၿပီးေနာက္ ပထမဆုံးေသာ ေရာက္ရွိလာေသာ ကိုယ္စားလွယ္အဖြဲ႕လည္းျဖစ္ပါတယ္။

“ရႈပ္ေထြးတဲ့ နိုင္ငံတကာအေျခအေနေတြကို ရင္ဆိုင္ေျဖရွင္းဖို႔ ႏွစ္နိုင္ငံပါတီေတြနဲ႔ အစိုးရေတြရဲ့ ရပ္တည္ခ်က္ေတြကို ေဆြးေႏြးပြဲမွာ ထပ္ေလာင္းအတည္ျပဳခဲ့ၿပီး ခ်စ္ၾကည္ရင္းႏွီးမႈနဲ႔ ေဖာ္ေရြစြာ ပူးေပါင္းေဆာင္ရြက္မႈကို ျမင့္မားတဲ့အဆင့္သစ္တစ္ခုဆီ ျဖည္းျဖည္းခ်င္း ဖြံ့ၿဖိဳးတိုးတက္ေစမွာပါ” လို႔ ေျမာက္ကိုရီးယားနိုင္ငံပိုင္ KCNA သတင္းဌာနက ေျပာၾကားခဲ့တာ လည္းျဖစ္ပါတယ္။

ေျမာက္က္ိုရီးယားနိုင္ငံ ၿမိဳ႕ေတာ္မွာ ျပဳလုပ္တဲ့ စစ္ေရးျပအခမ္းအနားမွာ ေျမာက္က္ိုရီးယား နိုင္ငံက ၎တို႔၏ ေနာက္ဆုံးေပၚ န်ဴကလီးယား ဒုံးက်ည္ေတြနဲ႔ တိုက္ခိုက္ေရး ဒ႐ုန္းေတြကို ျပသခဲ့ၿပီး ၿပီးခဲ့သည့္ ၾကာသပေတးေန႔က တ႐ုတ္နဲ႔ ႐ုရွား အရာရွိေတြ ႏွင့္ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအြန္ ႏွင့္အတူတကြ ပုခုံးခ်င္းယွဥ္ မတ္တပ္ရပ္ၿပီး ေတြ႕ဆုံမႈ ျပဳလုပ္ခဲ့ေၾကာင္းလည္း သတင္းဌာနမ်ားကေဖာ္ျပေျပာဆ္ိုထားၾကပါတယ္။

 

=======================================

“တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဝင်များက မြောက်ကိုရီးယားနိုင်ငံတွင် ကျင်းပပြု လုပ်ခဲ့ သည့် ကိုရီးယားစစ်ပွဲ နှစ် ၇၀ပြည့် အထိမ်းအမှတ်ပွဲ ကို covid ကူးစပ်ရောဂါဖြစ်ပွားမှုများအပြီးတွင် ပထမဆုံး အကြိမ်အဖြစ် ရောက်ရှိလာခဲ့”

ဇူလိုင် ၃၁
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း က တောင်-မြောက် ကိုရီးယားစစ်ပွဲ ပြီးဆုံးခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြုံယမ်း(မြောက်ကိုရီးယား) သို့ အလည်အပတ် ခရီးစဥ် ရောက်ရှိနေသည့် တရုတ်နိုင်ငံ ကိုယ် စားလှယ်အဖွဲ့နှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်အသစ်တစ်ခုသို့ မြှင့်တင်သွားမှာဖြစ်တယ်လို့ ကတိပြုခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ပြီးခဲ့သည့် စနေနေ့တွင် ပြောကြားခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ပေါ်လစ် ဗျူရိုအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် Li Hongzhong ဦးဆောင်သော တရုတ် အရာရှိများအား မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်က သောကြာနေ့တွင် ဧည့်ခံတွေ့ ဆုံမှုများ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့ Covid-19 ကူးစက် ရောဂါ ဖြစ်ပွား ပြီးနောက် ပထမဆုံးသော ရောက်ရှိလာသော ကိုယ်စားလှယ်အဖွဲ့လည်းဖြစ်ပါတယ်။

“ရှုပ်ထွေးတဲ့ နိုင်ငံတကာအခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းဖို့ နှစ်နိုင်ငံပါတီတွေနဲ့ အစိုးရတွေရဲ့ ရပ်တည်ချက်တွေကို ဆွေးနွေးပွဲမှာ ထပ်လောင်းအတည်ပြုခဲ့ပြီး ချစ်ကြည်ရင်းနှီးမှုနဲ့ ဖော်ရွေစွာ ပူးပေါင်းဆောင်ရွက်မှုကို မြင့်မားတဲ့အဆင့်သစ်တစ်ခုဆီ ဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်စေမှာပါ” လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ပြောကြားခဲ့တာ လည်းဖြစ်ပါတယ်။

မြောက်က်ိုရီးယားနိုင်ငံ မြို့တော်မှာ ပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားမှာ မြောက်က်ိုရီးယား နိုင်ငံက ၎င်းတို့၏ နောက်ဆုံးပေါ် နျူကလီးယား ဒုံးကျည်တွေနဲ့ တိုက်ခိုက်ရေး ဒရုန်းတွေကို ပြသခဲ့ပြီး ပြီးခဲ့သည့် ကြာသပတေးနေ့က တရုတ်နဲ့ ရုရှား အရာရှိတွေ နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် နှင့်အတူတကွ ပုခုံးချင်းယှဉ် မတ်တပ်ရပ်ပြီး တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်းလည်း သတင်းဌာနများကဖော်ပြပြောဆ်ိုထားကြပါတယ်။