ဟောင်ကောင်လေဆိပ် ပုံမှန်ပြန်လည် လည်ပတ်

ဆန္ဒပြသူတွေကြောင့် အခုလ ၁၂ ရက်နေ့(မနေ့)က ပိတ်ထားရတဲ့ ဟောင်ကောင်လေဆိပ်ဟာ အခုလ ၁၃ ရက်နေ့(ဒီနေ့) မနက် အစောပိုင်းမှာ ပုံမှန်ပြန်လည် သက်ဝင်လှုပ်ရှားလာပါတယ်။ စစ်ဆေးရေး ဂိတ်တွေမှာ ခရီးသည်တွေကို တွေ့မြင်လာရသလို ဆိုင်းဘုတ်တွေမှာလည်း လေကြောင်းခရီးစဉ် တော်တော်များများဟာ ထွက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဟောင်ကောင်လေဆိပ်ဟာ ကမ္ဘာ့ တတိယမြောက် လူဝင်လူထွက်အများဆုံး လေဆိပ်ဖြစ်ပြီး တစ်နေ့ကို ခရီးသည် အယောက် နှစ်သိန်းလောက် ဝင်ထွက်နေတဲ့နေရာဖြစ်ပါတယ်။ အင်အားများပြားတဲ့ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြသူတွေဟာ မနေ့တုန်းက လေဆိပ်ထဲကိုဝင်လာပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာကြောင့် လေဆိပ်လုပ်ငန်းစဉ်တွေ မလုပ်နိုင်ဘဲ ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။ AFP