ရန်ကုန်တိုင်းဒေသကြီး ကမရွတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်အတွင်းရှိ မြို့ပါတီကော်မတီဝင် မိသားစုများအား ပညာရေးထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်

ရန်ကုန် ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ပြည်ထောင်စုခိုင်ရေးနှင့်ဖွံဖြိုးပါတီ မှ ဗဟန်းမြိုနယ် နှင့် ကမရွတ်မြိုနယ်အတွင်းရှိ မြိုနယ်ပါတီကော်မတီဝင်များ၏ ကျောင်းနေရွယ်သား/သမီးများအား ပညာရေး သင်ထောက်ကူပစ္စည်းများဖြစ်သည့် ဗလာစာအုပ်များနှင့် ဘောပင်များအား ထောက်ပံ့ပေးအပ် ပွဲအခမ်းအနားကို ဗဟန်းမြိုနယ်ရှိ ခရိုင်ပါတီရုံးခမ်းမတွင် ယနေ့ (၁၄.၆.၂၀၂၃)ရက်နေ့ နံက် (၁၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပါတီ‌ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးကော်မတီဝင် ဦးနေဝင်း ကခရိုင်ပါတီမှ မြိုနယ်ပါတီကော်မတီဝင်များ၏ ကျောင်းနေရွယ် သား/သမီး များအာ ပညာရေးသင်ထောက်ကူအဖြစ် ဗလာစာအုပ်နှင့် ဘောပင်များကို ထောက်ပံလှူဒါန်းခြင်းဟာ ခရိုင်ပါတီ အနေဖြင့် ပထမဦးဆုံးဖြစ်ပါကြောင်း ခရိုင်ပါတီကော်မတီအနေနဲ့ကောင်မွန်တဲ့လုပ်ရပ်ဖြစ်ပါကြောင်း မြိုနယ်ပါတီကော်မတီဝင်များအနေနဲ့ လဲပါတီရဲ့လုပ်ငန်းစဉ်များတိုင်းမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်ပေးကြရန်နှင့် ပါတီအောင်နိုင်ရေး နှင့် ပြည့်မဏ္ဌိုင်လုပ်ငန်းစဉ်များ အောင်မြင်အောင်ဆောင်ရွက်ရန်နှင့် ရပကွက်အဆင့်ထိ ပြည့်မဏ္ဌိုင် အဖွဲများဖွဲစည်းဆောင်ရွက်နှိင်ရန် အတွက်ဝိုင်းဝန်း ကြိုးပန်းဆောင်ရွက်ပေးကြပါရန် မြိုနယ်ပါတီ ကော်မတီဝင်များ မကြာခဏတွေ့ဆုံနေရမှာဖြစ်ကြောင်း အပြုသဘောနဲ့အများဆန္ဒကို ဆောင်ရွက်ပါ ပါတီအပေါ်မှာ သစ္စာရှိပါဟုမှာကြားခဲ့ပါသည်။
ဆက်လက်ပြီးကမာရွတ်ခရိုင်ပါတီ ဥက္ကဌ ဒေါ်သီသီမွန်မှ မြိုနယ်ပါတီကော်မတီဝင်များကို ခရိုင်မှရရှိသည့်ရံပုံငွေးထဲမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း နေက်နောင်မှာလဲ ယခုလိုထောက်ပံ့ပေးအပ်ခြင်းများကို အခါအခွင့် သင့်ချိန်များမှာလဲ ထောက်ပံ့‌ပေးအပ်သွားမည်ဖြစ်ပါကြောင်း ခရိုင်အတွင်းရှိ မြိုနယ်များဖြစ်သည့် ကမာရွတ်ရွတ်နှင့် ဗဟန်းမြိုနယ်များမှ ပါတီကော်မတီဝင်များ အနေနှင်လဲ အချင်းချင်း ချစ်ကြည်ရင်းနှီစွာဖြင့် ပါတီ၏အကျိုးကို ရှေ့တန်းတင်၍အားကြိုးမာန်တက်အောင်မြင်‌အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပါတီဝင်အင်အား တိုးချဲ့စည်းရုံးရေးလုပ်ငန်းများကိုလဲ ပါဝင်ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ပြေားကြားခဲ့ပါသည်။
ထိုနောက်တက်ရောက် လာကြသော ဗဟိုကော်မတီဝင်၊ တိုင်းပါတီကော်မတီဝင်များနှင့် ခရိုင်ပါတီဥက္ကဌ များမှ တက်ရောက်လာကြသော ကမာရွတ်နှင့် ဗဟန်းမြိုနယ်တိုမှ ပါတီကော်မတီဝင်များ၏ သားသမီးများအား တစ်ဦးချင်းစီ ဗလာအုပ်နှစ်ဒါဇင်နှင့်ဘောပင်‌လေးချောင်း စီတိုအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
အဆိုပါပေးအပ်ပွဲအခမ်းအနားသို ပါတီဗဟိုကော်မတီဝင် ရန်ကုန်တိုင်းပါတီကော်မတီဝင် ဦးနေဝင်း ခရိုင်ပါတီ ဥက္ကဌ ဒေါ်သီသီမွန် ခရိုင်ဘဏ္ဌာရေးမှူး ဦးဗိုလ်စော ခရိုင်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးကျော်ကျော်စိုး နှင့်ပါတီကော်မတီဝင်များ ကမာရွတ် နှင့် ဗဟန်းမြိုနယ်တိုမှ ပါတီကော်မတီဝင်များ စုစုပေါင်းအင်အား(၂၅)ဦး တက်ရောက်ခဲကြပြီး နေ့လည်(၁၂)အချိန်တွင်အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းသတင်းတင်ပြအပ်ပါသည်။
ဗိုလ်စော(ကမာရွတ်ခရိုင်)