အယ်လ်ဆာဗေးဒိုးတွင် ရာဇဝတ်ဂိုဏ်းသား ၂,၀၀၀ ကျော်ကို ထောင်အသစ်သို့ ပြောင်းရွှေ့

အယ်လ်ဆာဗေးဒိုး အစိုးရဟာ သံသယရှိဖွယ် ဂိုဏ်းဝင်ထောင်ပေါင်းများစွာကို အသစ်ဖွင့်လိုက်တဲ့ ထောင်ကြီးဆီ ဖေဖော်ဝါရီ ၂၄ ရက်က ပြောင်းရွှေ့ခဲ့ပါတယ်။

အလယ်အမေရိကနိုင်ငံရဲ့ အကျဉ်းထောင်လူဦးရေကို တိုးမြင့်လာစေတဲ့ အငြင်းပွားစရာ ကောင်းတဲ့ ရာဇ၀တ်မှုနှိမ်နင်းရေးရဲ့ နောက်ဆုံးခြေလှမ်းဖြစ်ပါတယ်။

“ဒါဟာ သူတို့ရဲ့ အိမ်အသစ်ဖြစ်ပြီး လူထုကို နောက်ထပ် အန္တရာယ်ပြုနိုင်မှာ မဟုတ်ပါဘူး” လို့ သမ္မတ နာယစ်ဘ် ဘူခေလေက တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

စွပ်စွဲခံထားရတဲ့ ဂိုဏ်းဝင် ၂,၀၀၀ လောက်ကို အမေရိကတိုက်ရဲ့ အကြီးဆုံးအကျဉ်းထောင်လို့ ယူဆရတဲ့ လူ လေးသောင်းဆံ့တဲ့ အကျဉ်းထောင်ကို ဖေဖော်ဝါရီ ၂၄ ရက် မနက်အစောပိုင်းက ပြောင်းရွှေ့ ခဲ့ပါတယ်။

သမ္မတ ဘူခေလေ တင်ထားတဲ့ ရုပ်သံတခုထဲမှာ အကျဉ်းသားတွေက ခေါင်းရိတ်ထားပြီး အဖြူရောင် ဘောင်းဘီတိုကို ချွတ်လိုက်ပြီးတဲ့နောက် အကျဉ်းထောင်အသစ်ကတဆင့် အကျဉ်းခန်းတွေထဲကို ပြေးသွားတာ တွေ့ရပါတယ်။ ထောင်သားအများအပြားက ဂိုဏ်းတွေရဲ့ ဆေးမင်ကြောင်တွေကိုလည်း ထိုးထားပါတယ်။

အကြမ်းဖက်ဂိုဏ်းတွေရဲက လက်ချက်လို့ ယူဆရတဲ့ လူသတ်မှုတွေ သိသိသာသာ တိုးမြင့်လာပြီး တဲ့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးအချို့ကို ဆိုင်းငံ့ထားမယ့် ခြွင်းချက် အခြေအနေတရပ်ကို ပြီးခဲ့တဲ့နှစ်က အတည်ပြုဖို့ ဘူခေလေက အယ်လ်ဆာဗေဒိုလွှတ်တော်ထဲမှာ သူ့ရဲ့ မဟာမိတ်တွေကို တောင်းဆိုခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ရာဇ၀တ်မှု ဆန့်ကျင်ရေး ပိုက်စိပ်တိုက်ရှာဖွေရင်း သံသယရှိသူ ၆၄,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

-Ref:VOA