ဆီးရီးယား-တူကီယဲနယ်စပ်မှာ ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်

ဆီးရီးယားနဲ့ တူကီယဲ မှာ ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ပြီး နှစ်ပတ်အကြာမှာ ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိတဲ့ ငလျင်တစ်ခု တနင်္လာနေ့က ထပ်မံလှုပ်ခတ်သွားပါတယ်။ ငလျင်ကြောင့် ဆီးရီးယားမှာ အနည်းဆုံး လူပေါင်း ၁၉၀ ကျော် ဒဏ်ရာရခဲ့ပြီး တူကီယဲမှာတော့ ၃ ဦး သေဆုံးကာ ၂၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ဒါ့အပြင် နေအိမ် တိုက်တာ အချို့လည်း ပျက်စီးသွားတယ်လို့ဆိုပါတယ်။ ငလျင်ဟာ ဆီးရီးယားနဲ့ မြေထဲပင်လယ်အနီး တူရကီနိုင်ငံ တောင်ဘက်စွန်းရှိ ဥဇဘတ် မြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာပါ။ ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်ကြောင့် ဆီးရီးယားနဲ့ တူကီယဲ မှာ လူ ၄၅,၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ အဲ့ဒီ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းမှာ တူရကီအာဏာပိုင်တွေက ငလျင်လှုပ်ခတ်မှုပေါင်း ၆၀၀၀ ကျော် ရှိတယ်လို့ မှတ်တမ်းတင်ခဲ့ပါတယ်။