ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ရပ်ကျေးပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

ဖြူး နိုဝင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဌနှင့် အဖွဲ့သည် ရပ်ကွက်/ကျေးရွာ ပါတီတာဝန်ရှိသူများအားကျေးရွာအရောက်နယ်မြေကွင်းဆင်း၍ နိုဝင်ဘာလ ၁၃ ရက် နေ့က သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံခဲ့ရာတွင် မြို့နယ်ပါတီဥက္ကဌ ဦးကျော်မင်းနိုင်မှ ဗဟိုညီလာခံတက်ရောက်ခဲ့သော အတွေ့အကြုံများ ပါတီဗဟို၏ ညွန်ကြားချက် ရည်မှန်းချက်များ တိုင်းပါတီဥက္ကဌ၏ လမ်းညွန်ချက်မှာကြားချက်များ သုံးလပတ်လုပ်ငန်းစဉ်အား လုပ်ဆောင်ရမည့်ကိစ္စရပ်များ ပါတီ၏စုဖွဲ့မှုအခြေနေများ ပါတီ၏ မြေပြင်လက်ရှိ ပကတိအခြေနေများ မြို့နယ်ပါတီ၏ ရပ်တည်လုပ်ဆောင်နေမှုများ တိုင်းဒေသကြီးပါတီလုပ်ဆောင်နေမှု တိုင်းပါတီဥက္ကဌ မြို့နယ်ရုံးသို့ လာရောက်ရာတွင် လမ်းညွှန်မှာကြားထားမှုများ ရေးရာနဲ့ကဏ္ဍအလိုက် စုစည်းရမည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ်ပါတီဥက္ကဌ၏ ဆွေးနွေးရှင်းလင်းမှုများ အပေါ် ရပ်ကျေးပါတီတာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် မြို့နယ်ပါတီ တာဝန်ရှိသူများမှ ဖြေရှင်းပေါင်းစပ်ညှိုနှိုင်းဆောင်ရွှက်ခဲ့ကြောင်း သိရသည်။