ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၂၇) ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကနှစ်စဉ်ကျင်းပမြဲဖြစ်သော (၂၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာ(၆)ရက်နံနက်(၉)နာရီခွဲက မြို့နယ်ပါတီရုံးခမ်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ရှေးဦးစွာကြွရောက်တော်မူလာကြသော ပင့်သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြပြီး အနန္တ ဂုဏ်ရည်ကျောင်းတိုက်တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနန္ဒာသီရိထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်မျာရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်ခဲ့ကြသည်။

ထို့နောက်မဟာဘုံကထိန်လျာညှပ်သင်္ကန်းအားပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင် ဒေါက်တာရွှေပြည်စိုးနှင့် ခရိုင်ပါတီဥက္ကဋ္ဌဒေါ်ဇာခြည်လင်းနှင့် ခရိုင်ပါတီကော်မတီဝင် မြို့နယ်ပါတီဥက္ကဋ္ဌဦးသန်းစိုး တို့က အနန္တဂုဏ်ရည်တိုက်အုပ်ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးကျော်ထင်နှင့် ဘဏ္ဍာရေးမှူးဒေါ်ဝင်းဝင်းအောင်တို့က ပင့်သံဃာတော်အရှင်သူမြတ်တို့အား နဝကမ္မဝတ္တုငွေနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကာ အနန္တဂုဏ်ရည်တိုက်အုပ်ဆရာတော်ထံမှ ကထိန်အနူမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှအတန်းပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုပိတ်သိမ်းခဲ့ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကာ ဧည့်ပရိတ်သတ်များအား နေ့လည်စာ ထမင်းဖြင့်၍ ဧည့်ခံကျွေးမွေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ အနန္တဂုဏ်ရည်ကျောင်းတိုက်နှင့် သာသနာဒီပသဲအင်းဂူကျောင်းတိုက်တို့မှ ပင့်သံဃာတော် ငါးပါးနှင့် ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ဒေါက်တာရွှေပြည်စိုး ဒဂုံမြို့သစ်ခရိုင် ပါတီဥက္ကဋ္ဌဒေါ်ဇာခြည်လင်း ခရိုင်ကော်မတီဝင်ဦးမြင့်ခိုင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်းစိုး အတွင်းရေးမှူးဦးကျော်ထင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ ရပ်ကွက်ပါတီဥက္ကဋ္ဌများနှင့် အမှုဆောင်များ ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက်ခဲ့ ကြသည်။ ကြွရောက်လာကြသောဧည့်ပရိတ်သတ်များအား နိဗ္ဗာန်ဈေးဗလာမပါကံစမ်းမဲများလည်းပေါက်၍ အားလုံး ပျော်ပျော်ပါးပါး ပါဝင်ပါဝင်ဆင်နွှဲခဲ့ကြသည်။

ယနေ့ကျင်းပသော ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ရာတွင် ပစ္စည်းနှင့်ငွေသားတန်ဘိုး ကျပ်သိန်းနှစ်ဆယ် လှူဒါန်းခဲ့ကြောင်း သိရသည်။