ရီးရဲလ်ကွင်းလယ်ကစားသမား ကတ်စမဲရိုး မန်ယူအသင်းဆီပြောင်းရွှေ့ရန်သဘောတူ

ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ ကက်စီမီရိုသည် ယနေ့တွင် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ဆေးစစ်မှု ခံယူသွားမည်ဟု ဥရောပမီဒီယာအများ အပြားက ဖော်ပြလျက်ရှိသည်။ ရီးယလ်အသင်းသည် ကက်စီမီရိုကို အသင်းပြောင်းရွှေ့ရန် ခွင့်ပြုခဲ့ပြီဖြစ်ကြောင်း သိရသည်။ ကက်စီမီရို၏ပြောင်းရွှေ့ကြေးမှာ ယူရို သန်း ၆၀ နှင့်

Add-ons ကြေး ယူရို ၁၀ သန်းဖြစ်သည်။ ၄ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုမည်ဖြစ်ပြီး တစ်နှစ်သက်တမ်း တိုးခွင့် ရှိသည့်အချက်ကို ထည့်သွင်းထားသည်။ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိလျှင် လစာငွေ နှစ်ဆ ရရှိ မည့်အပြင် စွမ်းဆောင်ရည်အပေါ်မူတည်ပြီး အပိုဆုကြေးပမာဏ များစွာရရှိမည့်အချက်များ ပါဝင်လျက်ရှိသည်။