သပိတ်ကျင်းမဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်စိုးနှင့် မြို့နယ်ပါတီမှပါတီဝင်များ အုန်းဇုန်းကျေးရွာ ကျောက်ဖြာကျေးရွာနှင့် မြေနီတောင်ကျေးရွာတို့မှ မဲဆန္ဒရှင်ပြည်သူများအားDoor to Door တွေ့ဆုံ

 

သပိတ်ကျင်း အောက်တိုဘာ ၁၄

မန္တလေးတိုင်းဒေသကြီးပြင်ဦး လွင် ခရိုင် သပိတ်ကျင်းမဲဆန္ဒနယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်စိုး နှင့် မြို့နယ်ပါတီမှ ပါတီဝင်များ သည် ယမန်နေ့ နံနက်ပိုင်းက ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင် ရေးအတွက် မြို့နယ်အတွင်းရှိ အုန်း ဇုန်းကျေးရွာ၊ ကျောက်ဖြာကျေး ရွာနှင့် မြေနီတောင်ကျေးရွာတို့သို့ သွားရောက်ပြီး မဲဆန္ဒရှင်ပြည်သူ များအား Door to Door တွေ့ဆုံ ဆောင်ရွက်ခဲ့သည်။

သပိတ်ကျင်းမဲဆန္ဒနယ်အမှတ် (၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်စိုး သည် အဆိုပါကျေးရွာများရှိ မဲဆန္ဒ ရှင် ပြည်သူများ၏နေအိမ်များသို့ တစ်အိမ်တက် တစ်အိမ်ဆင်းသွား ရောက်၍ မကြာမီကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲတွင်တာဝန် ပေးခဲ့ပါက မဲဆန္ဒရှင်ပြည်သူ့အကျိုး ဆောင်ရွက်ပေးမည့်ကိစ္စများ၊ ရွေး ကောက်ပွဲတွင် မဲပေးရာ၌ မဲပေး မမှားစေရန်နှင့် ရွေးကောက်ပွဲ မဲပေးခြင်းဆိုင်ရာ ကိစ္စများစသည် တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ဟောပြောရာသို့ သပိတ် ကျင်း မဲဆန္ဒနယ်အမှတ်(၁) တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးမြင့်စိုးနှင့်အတူ သပိတ်ကျင်းမြို့နယ်ပါတီမှ ပါတီ ဝင်များ လိုက်ပါကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)