ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ပါတီမျက်နှာစုံညီစည်းဝေး မြို့နယ်ကော်မတီဝင်များ ရွေးချယ်

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၂၅ ရပ်ကွက် စည်ပင်လမ်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးခန်းမတွင် ပါတီမျက်နှာစုံညီ အစည်းအဝေးနှင့် မြို့နယ်ပါတီကော်မတီဝင် ရွေးကောက်ပွဲကို ဇူလိုင်လ (၆) ရက် နံနက် (၉) နာရီမိနစ် ၂ဝ တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သဘာပတိ အဖြစ် အရှေ့ပိုင်းခရိုင်အတွင်းရေးမှူး ဦးစိန်မြင့်က အမှာစကား ပြောကြားကာ ၂ဝ၁၅-၂ဝ၁၆ တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ခုနစ်ဦးကို ဆုများချီးမြှင့်ခဲ့သည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်စန်းစန်းဌေး၊ အတွင်းရေးမှူး ဦးသိန်းဝင်း၊ ဘဏ္ဍာရေးမှူး ဦးထွန်းလွင်တို့ ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင်လှိုင်၊ ဒေါ်စန်းစန်းဝင်း၊ အရှေ့ပိုင်း ခရိုင် အတွင်းရေးမှူးဦးစိန်မြင့်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် နာယကအဖွဲ့နှင့် အကြံပေးအဖွဲ့များ၊ မြို့နယ်အတွင်းရေးမှူးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက် ပါတီကော်မတီဝင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ စုစုပေါင်း ၂၁ဝ တက်ရောက်ခဲ့ပြီး အခမ်းအနားကို ကြွေးကြော်သံများ ဖြင့် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မောင်နီ(ဒဂုံတောင်)


Leave a Reply