PEN Myanmar ရုံးခန်းဖွင့်ပွဲနှင့် ဇာတ်ညွှန်းရေးနည်းသင်တန်းဖွင့်ပွဲ ကျင်းပ

13133143_993148977389134_7775257089494943279_n

ဇာတ်ညွှန်းရေးနည်းသင်တန်းကို PEN Myanmar နှင့် အကယ်ဒမီဒေါ်ဆွေဇင်ထိုက်တို့က ပူးတွဲဖွင့်လှစ် ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ်ဖွင့်လှစ်ခြင်းဖြစ်ကာ သင်တန်း ကာလ ၃လ ကြာမြင့်မည်ဖြစ်သည်။ သင်တန်း တက်ရောက်သူသင်တန်းသား၊ သင်တန်းသူများထံမှ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင် နိုင်မည့် ဇာတ်ညွှန်းကောင်းအနည်းဆုံး ၃ခု ရရှိနိုင်ရန်နှင့် ၂၀၂၀ခုနှစ်တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲတော်၌ မြန်မာနိုင်ငံမှ ရေးသားသည့် ဇာတ်ညွှန်းကို နိုင်ငံတကာနှင့် ပူးပေါင်းရိုက်ကူးထားသည့် ရုပ်ရှင် ဇာတ်ကားကို တင်ဆက်ပြသသည့်အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အကယ်ဒမီဒေါ်ဆွေဇင်ထိုက်က ပြောသည်။

 ယင်းအပြင် ၂၀၁၈ခုနှစ်တွင် ကျင်းပပြုလုပ်မည့် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲတော် အကြို စာတမ်းဖတ်ပွဲ တွင် ဇာတ်ညွှန်းနှင့် ပက်သက်ပြီး စာတမ်းဖတ်နိုင်သူများ ပေါ်ထွက်လာစေလို ၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အကယ်ဒမီဒေါ်ဆွေဇင်ထိုက်က ပြောကြားသည်။ PEN Myanmar သည် ၂၀၁၃ တွင်စတင် ဖွဲ့စည်းခဲ့ပြီး အစိုးရ မဟုတ်သော အဖွဲ့အစည်းဖြစ်ပြီး စာရေးဆရာများ၏ အခွင့်အရေးအတွက် တက်ကြွစွာ လှုပ်ရှား ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။


Leave a Reply