ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊မှော်ဘီမြို့နယ်၊ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးဆွေးနွေးပွဲကျင်းပ

မှော်ဘီ၊ဇွန်၃၀

မှော်ဘီမြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေး
ဆွေးနွေးပွဲကိုယနေ့ ဇွန်လ ၃၀ ရက် နံနက်(၉)နာရီတွင်မြို့နယ်ပါတီရုံးခန်းမ၌ကျင်းပခဲ့သည်။အခမ်းအနားအားနိုင်ငံတော်အလံအလေးပြုခြင်းနှင့်နိုင်ငံတော်သီချင်းသီဆိုကာအခမ်းအနားဖွင့်လှစ်ခဲ့သည်။အခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင်ဒေါက်တာနေလင်း၊တိုင်းပါတီနာယက၊ပထမအကြိမ်(မှော်ဘီမြို့နယ်)ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကြည်မြင့်၊မြောက်ပိုင်းခရိုင်ပါတီအတွင်းရေးမှူး ဦးမျိုးဇော်နှင့်ခရိုင်ကော်မတီဝင်ဦးဝင်းစိုး၊မှော်ဘီမြို့နယ်ပါတီဥက္ကဌ ဦးလှဦးနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊စာရေးဆရာ အမတ်ဒိန် နှင့်စာရေးဆရာ ဦးထွန်းလှိုင်(မြိုင်) နှင့်မှော်ဘီမြို့နယ်မှ ပါတီဝင် အင်အား ၁၅၀ ကျော် တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
#Phyowailinn


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

 

၂၉.၆.၂၀၁၈ ရက်နေ့ သောကြာနေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်ရုံးခွဲတွင်ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးဦးဆောင်၍ ပြောရေးဆိုခွင့်ရှိသဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်း၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့မှ သတင်းမီဒီယာများနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲအား ပြလုပ်ခဲ့ပါသည်။

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် နယ်မြေခွဲတာဝန်ခံ ကွင်းဆင်းထိတွေ့

 

ရန်ကုန် ဇွန် ၂၉

ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် နယ်မြေတာဝန်ခံ ဦးတင်အောင်မှ မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ၍ ပါတီရှေ့လုပ်ငန်းစဉ်များ၂၀၂၀ ပါတီအောင်နိုင်ရေးအခြေအနေနှင့် အင်အားတိုးတက်မှု နှစ်စဉ်ကြေး ပါတီဝင်ကြေးကေါက်ခံမှု မြိုနယ်ပါတီကော်မတီများ နယ်မြေအလိုက် ကွငိးဆင်းဆောင်ရွက်မှုအခြေအနေများ တွေဆုံညှိနှိုင်းလမ်းညွန်မှုပြုပြီး မြို့နယ်အတွင်းရေးမှုးနှင့် ကော်မတီများမှ ရေးရာအလိုက် ဆောင်ရွက်ထားမှုများအား တင်ပြကြပြီးလိုအပ်ချက်များအား ဗဟိုကော်မတီနယ်မြေတာဝန်ခံမှ ဖြည့်စွက်မှာကြားပြီး လုပ်ငန်ညှိနိုင်းအစည်းအဝေးအား နေ့လည် ၁၂ နာရီ ၁၀ မိနစ်တွင် ပြီးမြောက်ပါသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

(၂၉.၆.၂၀၁၈)ရက်​​နေ့ နံနက်​(၀၉း၃၀)အချိန်​တွင်​ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီရုံး အစည်းအ​ဝေးခန်းမ၌ တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​ပါတီများ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး(၅/၂၀၁၈)ကျင်းပပြုလုပ်​ရာ မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုး၊ တိုင်း​ကော်​မတီဝင်​များ၊ ခရိုင်​/မြို့နယ်​များမှ ပါတီဥက္ကဋ္ဌများတက်​​ရောက်​ခဲ့ကြပြီး တိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​မှအဖွင့်​အမှာစကား​ပြောကြားခဲ့ပါသည်​။ ထို့​နောက်​ တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​များမှ ​ဆွေး​နွေးခဲ့ကြပြီး တိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်​​ပြောကြားခဲ့ပါသည်​။


မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ “ ဖြိုးစေတနာ နာရေးကူညီမှုအသင်း´´ ၏ နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး

 

၂၈.၆.၂၀၁၈ ရက်နေ့ ရှမ်းမြောက် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တည်ထောင်ထားသော “ ဖြိုးစေတနာ နာရေးကူညီမှုအသင်း ´´ ၏ နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေ့လည် (၁၂း၃၀) အချိန်တွင် စတင် ကျင်းပရာ အစည်းအဝေးသို့ နာရေးအသင်းဥက္ကဌ (မြို့နယ်ပါတီဥက္ကဌ) ဒေါ်နန်းခင်မြင့်ဌေး တက်ရောက်လမ်းညွှန် အကြံပြု ဆွေးနွေးခဲ့ပါသည်။
ဒုတိယပိုင်းတွင် ဆက်လက်၍ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါ သည်။ တက်ရောက်လာသော မြို့နယ် EC ၊ အရံ EC ၊ ရပ်/ကျေးဥက္ကဌများမှ ဆွေးနွေးခဲ့ကြပြီး ဇူလိုင်လတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ ချမှတ်ခဲ့ပြီးး အစည်းအဝေးကို နေ့လည် (၃း၀၀) နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲဆိုင်ရာ မဟာဗျူဟာ (၂၀၁၄ – ၂၀၁၈) လေ့လာဆန်းစစ်သုံးသပ်ဆွေးနွေးခြင်း ဆွေးနွေးပွဲပြုလုပ်

 

မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲ ဆိုင်ရာ မဟာဗျူ ဟာ (2014 – 2018) လေ့လာဆန်းစစ်သုံးသပ်ဆွေးနွေးခြင်း ဆွေးနွေးပွဲကို ၂၈.၆.၂၀၁၈ ရက်နေ့ ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ တိုင်းပါတီကော်မတီဝင် ဦးအောင်ဝင်းဆွေနှင့် မြန်အောင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဏာရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရံပါတီကော်မတီများ တက်ရောက်ဆွေးနွေခဲ့ပါသည်။

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုး

တနိုင်းမြို့တွင် နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း ၁/၂ဝ၁၈ ဖွင့်လှစ်

 

ကချင်ပြည်နယ် တနိုင်းမြို့တွင် နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်း ၁/၂ဝ၁၈ ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ကျင်းပခဲ့ရာ ကချင်ပြည်နယ် ပါတီကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ ဦးသိန်းထွန်းအေး၊ မြစ် ကြီးနားခရိုင်ပါတီဥက္ကဋ္ဌဦးထွန်းဖေ၊ ဗန်းမော်ခရိုင် ပါတီကော်မတီ ဝင် ဦးဇော်မင်းရင်၊ တနိုင်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကိုနှင့်ကော် မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ နှင့်အဖွဲ့ဝင်များ၊ သင်တန်း သား သင်တန်းသူများ စုစုပေါင်း ၇၅ ဦးတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော် သီချင်းသီဆိုကြပြီး မြစ်ကြီးနားခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းဖေက အမှာစကားပြောကြားခဲ့သည်။

ညောင်ဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရမ်းဇမ်းကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စုအားငွေလှူဒါန်း

 

ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှတာဝန်ရှိပုဂ္ဂိုလ်များသည် ယခုလ ၁၂ရက် ည ၈နာရီတွင် လေပြင်း မုန်တိုင်းတိုက်ခတ်ပြီး ဦးဌေးကြီး-ဒေါ်အိမ်မြဲတို့၏ အိမ်တစ်အိမ်ပြိုကျ ပျက်စီးခဲ့သည်။ ထို့ကြောင့် ညောင်ဦးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စီမံဘဏ္ဍာရေးမှူး ခရိုင်ကော်မတီဝင် ဒေါ်မြသန္တာဦး၊ မြို့နယ်ကော်မတီဝင် ဦးအေးကျော်ခိုင်၊ နယ်မြေတာဝန်ခံဒေါ်အေးမြသူ၊ အောက်ညဥ့်ကျေးရွာစည်းရုံးရေးမှူးဦးစန်းရွှေတို့နှင့်အဖွဲ့တို့သည် ယနေ့ မွန်းတည့် ၁၂ နာရီက အဆိုပါ ဦးဌေးကြီးအိမ်တွင် ငွေကျပ် ၄ဝဝဝဝ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ခရိုင်နှင့်မြို့နယ်ပါတီဝင်များတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပုဗ္ဗသီရိမြို့နယ် ရုံးအစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီတွင် မြို့နယ် ကော်မတီဝင်များ လုပ်ငန်းညှိ နှိုင်းအစည်းအဝေး ကျင်းပ ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေအတွင်းရေးမှူး ဦးဌေးဝင်း၊ ပြည်ထောင်စုနယ်မြေကော် မတီဝင် မြို့နယ်တာဝန်ခံ ဦးနိုင်လင်းသောင်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ခရိုင်ကော်မတီဝင် နယ်မြေတာဝန်ခံဦးတင်ဆန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်နှင့်မြို့နယ်ကော်မတီဝင်များ တက်ရောက် ခဲ့ကြ၍ ပါတီလှုပ်ရှားဆောင်ရွက်မှုများ၊ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပြီး နံနက် ၁၁ နာရီခွဲတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ပါတီများနှင့်ဒီမိုကရေစီဆိုင်ရာဒိန်းမတ်အင်စတီကျုမှ တာဝန်ရှိသူများအားလက်ခံတွေ့ဆုံ

 

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်သည် ပါတီ များနှင့်ဒီမိုကရေစီဆိုင်ရာဒိန်းမတ် အင်စတီကျု(DIPD)မှ တာဝန်ရှိသူ များအား ယနေ့ နံနက် ၉ နာရီခွဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဌာနချုပ် နေပြည်တော် ဧည့်ခန်းမ(၅)တွင် လက်ခံတွေ့ဆုံ သည်။