တနိုင်းမြို့တွင် နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း ၁/၂ဝ၁၈ ဖွင့်လှစ်

 

ကချင်ပြည်နယ် တနိုင်းမြို့တွင် နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်း ၁/၂ဝ၁၈ ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ကျင်းပခဲ့ရာ ကချင်ပြည်နယ် ပါတီကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ ဦးသိန်းထွန်းအေး၊ မြစ် ကြီးနားခရိုင်ပါတီဥက္ကဋ္ဌဦးထွန်းဖေ၊ ဗန်းမော်ခရိုင် ပါတီကော်မတီ ဝင် ဦးဇော်မင်းရင်၊ တနိုင်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကိုနှင့်ကော် မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ နှင့်အဖွဲ့ဝင်များ၊ သင်တန်း သား သင်တန်းသူများ စုစုပေါင်း ၇၅ ဦးတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော် သီချင်းသီဆိုကြပြီး မြစ်ကြီးနားခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းဖေက အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ တနိုင်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကိုက သင် တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းစည်းမျဉ်း စည်းကမ်းများကို ဖတ်ကြားရှင်းလင်းခဲ့သည်။

သင်တန်းကာလမှာ ယခုလ ၂၇၊ ၂၈ ရက်ဖြစ်၍ သင်တန်းသား သင်တန်းသူ ၆၅ ဦးတက်ရောက်ကြကာ သင်တန်းဆရာများ အဖြစ် ကချင်ပြည်နယ်ပါတီကော်မတီဝင် ဦးသိန်းထွန်းအေး၊ မြစ်ကြီးနားခရိုင် ပါတီဥက္ကဋ္ဌ ဦးထွန်းဖေ၊ ဗန်းမော်ခရိုင် ပါတီ ကော်မတီဝင် ဦးဇော်မင်းရင်၊ တနိုင်းမြို့နယ်ပါတီ ဥက္ကဋ္ဌဦးမြင့်ကို တို့က သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ