နည်းပြ အေယီစတာရန်ကို ဗလင်စီယာအသင်း ရာထူးမှ ထုတ်ပယ်

14369919_1767150113537872_1938837735014627580_n

ဗလင်စီယာအသင်းသည် လာလီဂါပြိုင်ပွဲတွင် ရာသီအဖွင့်(၄)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ပါကိုအေယီ စတာရန်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရှိရသည်။

အေယီစတာရန်သည် ပြီးခဲ့သည့်ရာသီကုန်ခါနီးတွင် ဂယ်ရီနဗီးလ်၏နေရာကို အစားထိုးတာဝန်ယူခဲ့ရသူဖြစ်ပြီး ၂၀၁၇-၁၈ ရာသီအထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သောပွဲတွင် ဘီလ်ဘာအိုအသင်းကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ပြီး အမှတ်ပေးဇယား အောက်ဆုံးမှ ရုန်းထွက်နိုင်ခြင်းမရှိခဲ့သည့်အတွက် ဗလင်စီယာအသင်း ဘုတ်အဖွဲ့က အရေးပေါ်အစည်းအဝေး ပြုလုပ်ကာ အင်္ဂါနေ့တွင် ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

စပိန်မြေကို ပြန်သွားချင်တယ်လို့ ပြောဆိုလိုက်တဲ့ ကော်တိုရစ်

courtois

(ဓာတ်ပုံ – အီးပီအေ)

ကော်တိုရစ်က ချယ်လ်ဆီးနဲ့ စာချုပ်သစ်အတွက် လက်မှတ်ထိုးဖို့ မသေချာသေးပဲ အနာဂတ်မှာ စပိန် လာလီဂါဆီ ပြန်သွားလိုကြောင်း ဝန်ခံပြောဆိုလိုက်ပါတယ်။

ဂိုးသမား ကော်တိုရစ်ဟာ ၂၀၁၁ ခုနှစ်က Genk အသင်းမှ ချယ်လ်ဆီးအသင်းဆီ လာရောက် ပူးပေါင်းခဲ့ပြီး ချက်ချင်းဆိုသလို အက်သလက်တီကိုအသင်းသို့ (၃) ရာသီ အဌားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဘာစီလိုနာတွင် အရန်ခုံမထိုင်လို၍ မန်စီးတီးသို့ ပြောင်းခဲ့ဟု ဘရာဗို ပြောကြား

mancity-1

ဘာစီလိုနာအသင်း၌ အရန်ခုံထိုင်ရမည့် အလား အလာကြောင့် ပရီးမီးယားလိဂ်မှ မန်စီးတီးသို့ ပြောင်းလဲခဲ့သည်ဟု ချီလီလက်ရွေးစင်ဂိုးသမား ဘရာ ဗိုက ထုတ်ဖော်ပြောကြားသည်။

ဘရာဗိုသည် ဘာကာတွင် ၂ နှစ်ကစားပြီး ဆုဖလားများရရှိ ခဲ့သော်လည်း ပြီးခဲ့သည့်လက ဂွါဒီယိုလာ၏ မန်စီးတီးသို့ ရောက်လာခဲ့သည်။

ရွန်နီကို ပထမ ကစားသမားစာရင်းမှ မော်ရင်ဟို ထုတ်ပယ်တော့မည်ဟု သတင်းများထွက်ပေါ်

wayne-rooney

စက်တင်ဘာ ၂၀၊ အင်္ဂလန်

မန်ယူအသင်း၏ ဆိုးရွားသော ရလဒ်များကြောင့် နည်းပြမော်ရင်ဟိုသည် အသင်းခေါင်းဆောင်ရွန်နီကို ပထမ ကစားသမား ၁၁ ဦးစာရင်းမှ ထုတ်ပယ်တော့မည်ဟု သတင်းများထွက်ပေါ်လျက် ရှိသည်။

မန်ယူအသင်းသည် မန်စီးတီး၊ ဖီယင်နုနှင့် ၀က်ဖို့ဒ်အသင်းတို့ကို ဆက်တိုက်ရှုံးနိမ့်ထားပြီး နည်းပြမော်ရင်ဟိုနှင့် တစ်သင်းလုံးမှာ ဖိအားများနှင့် ရင်ဆိုင်ရလျက် ရှိသည်။

စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ၂ လခန့် အနားယူရ ဖွယ်ရှိ

football_5

စက်တင်ဘာ ၂၀၊ အင်္ဂလန်

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် ဆန်းဒါးလန်းနှင့်ပွဲစဉ်တွင် ရရှိခဲ့သော ခြေကျင်းဝတ် ဒဏ်ရာကြောင့် ၂ လခန့် အနားယူရတော့မည် ဖြစ်သောကြောင့် စပါးအသင်း အတွက် ထိုးနှက်ချက် ဖြစ်လာခဲ့သည်။

ထိုပွဲစဉ်တွင် စပါးအသင်းအတွက် ၁ လုံး တည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သည့် ဟယ်ရီကိန်းသည် ဆန်းဒါးလန်းကစားသမား ဂျီလိုဘော့ဂျီထံမှ ဘောလုံးကို ဖျက်ထုတ်ရန်ကြိုးစားရာမှ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ဖျော်ဖြေမှုပေးသည့် ကစားပုံရရန် အဓိကထားဟု မန်စီးတီးနည်းပြ ပြော

Football Soccer - Bayern Munich v SV Darmstadt 98 - German Cup (DFB Pokal) - Allianz-Arena, Munich, Germany - 15/12/15 Bayern Munich's coach Pep Guardiola during the match REUTERS/Michael Dalder. DFB RULES PROHIBIT USE IN MMS SERVICES VIA HANDHELD DEVICES UNTIL TWO HOURS AFTER A MATCH AND ANY USAGE ON INTERNET OR ONLINE MEDIA SIMULATING VIDEO FOOTAGE DURING THE MATCH.

နိုင်ပွဲတွေရရှိရေးထက် ဖျော်ဖြေမှုပေးတဲ့ကစားပုံ ရရှိအောင်ပဲ အဓိကထားတယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။

ဘာစီလိုနာအသင်းကို ကိုင်တွယ်တုန်းက အောင်မြင်မှု ဆုဖလားတွေ နိုင်ပွဲစံချိန်တွေ ရခဲ့ပေမယ့် ဒီလိုအောင်မြင်မှု တွေရဲ့အကြောင်းကို တခါမှ မပြောခဲ့ဘူးလို့ ဂွါဒီယိုလာက ဆိုပါတယ်။

မန်စီးတီးအသင်းမှာလည်း နိုင်ပွဲတွေ ဆက်တိုက်ရနေပေမယ့် တချိန်ချိန်မှာ ရှုံးပွဲတွေ့နိုင်ပြီး ပွဲကို လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေကို အကောင်းဆုံး ဖျော်ဖြေမှု ပေးနိုင်မယ်ဆိုရင် ကျေနပ်တယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။

ရီးရဲလ်တွင် အမြဲနေချင်ဟု ရိုဂရီဂွက်ဇ်ပြောကြား

0161651

ယမန်နေ့က ပွဲတွင် ပထမပိုင်းပြီခါနီး၌ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က တိကျသော အနိမ့်ဘောကန်ချက်ဖြင့် ရီးရဲလ်အတွက် ဗွေဆော်ဦး ဂိုးသွင်းယူခဲ့ပြီးနောက် ဒုက္ခပေးနေသော အက်စပန်ညိုကို နှစ်ဂိုးပြတ်အနိုင်ရရန် ကူညီခဲ့ကာ နည်းပြ ဇီဒန်း၏ ယုံကြည်မှုကို ပြန်လည်ပေးဆပ်ခဲ့သည်။

ယင်းမှာ ကိုလံဘီယာကြယ်ပွင့်၏ လာလီဂါပထမ ဆုံးပွဲလည်းဖြစ်သည်။ မိမိအနေဖြင့် အသင်းတွင် ပါဝင်ခွင့်မရ သော်လည်း ခက်ခဲစွာ မဖြတ်သန်းခဲ့ရဟု ဂျိမ်းစ်က ဆိုသည်။

ATP နှင့် WTP အဆင့်သတ်မှတ်ချက်တွေမှာ ဂျိုဂိုဗစ်နှင့် ခါဘာတို့ ထိပ်ဆုံးမှာ အသီးသီး ရပ်တည်

wefwefowejfowejofwe

(ဓာတ်ပုံ – အီးပီအေ)

ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (ATP) နှင့် အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTP) တို့ရဲ  အဆင့်သတ်မှတ်ချက်များအရ ဂျိုဂိုဗစ်နှင့် အန်ဂျလီကေး ခါဘာတို့ဟာ ထိပ်ဆုံးအဆင့်မှာ အသီးသီး ရပ်တည်နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်တွင် ရှုံးပွဲမရှိသေးသော်လည်း လက်ရှိအနေအထားကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်ဟု ကစားသမားများအား ဂွါဒီယိုလာ တိုက်တွန်း

14425284_1766258236960393_6082119401180589477_o

မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက မိမိတို့ အသင်းမှာ ပရီးမီးယားလိဂ်ရာသီအစကို ရှုံးပွဲမရှိဖြတ် သန်းနိုင်ခဲ့ သော်လည်း ယင်းအပေါ် အားရကျေနပ်မှု မရှိသင့်ဘဲ လက်ရှိ အနေအထားကို ဆက်လက်ထိန်း သိမ်းရန် လိုအပ် ကြောင်း ကစားသမားများအား တိုက် တွန်းခဲ့သည်။

မန်ယူအသင်း သုံးပွဲဆက် ရှုံးပွဲကြုံ

05165165165

လန်ဒန်− ယမန်နေ့ညက ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ၀က်ဖို့ဒ်က မန်ယူကို ၃-၁ ဂိုး ဖြင့် အနိုင်ယူပြီး မန်ယူအတွက် သုံးပွဲဆက်တိုက်ရှုံးနိမ့်မှုကို အပ်နှင်းခဲ့သည်။

ဝက်ဖို့ဒ်အတွက် ဂျူအန်ဇူနီဂါနှင့် ထရိုင်ဒီနီတို့က ၈၄ မိနစ်နှင့် မိနစ် ၉၀ တွင် အနိုင်ဂိုးများ ရယူခဲ့ပြီး ထိုက်တန်စွာ အနိုင်ယူသွားခဲ့သည်။ ဒီနီ၏ ဂိုးမှာ ပင်နယ်တီမှ ရရှိခြင်းဖြစ်သည်။