ရီးရဲလ်တွင် အမြဲနေချင်ဟု ရိုဂရီဂွက်ဇ်ပြောကြား

0161651

ယမန်နေ့က ပွဲတွင် ပထမပိုင်းပြီခါနီး၌ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က တိကျသော အနိမ့်ဘောကန်ချက်ဖြင့် ရီးရဲလ်အတွက် ဗွေဆော်ဦး ဂိုးသွင်းယူခဲ့ပြီးနောက် ဒုက္ခပေးနေသော အက်စပန်ညိုကို နှစ်ဂိုးပြတ်အနိုင်ရရန် ကူညီခဲ့ကာ နည်းပြ ဇီဒန်း၏ ယုံကြည်မှုကို ပြန်လည်ပေးဆပ်ခဲ့သည်။

ယင်းမှာ ကိုလံဘီယာကြယ်ပွင့်၏ လာလီဂါပထမ ဆုံးပွဲလည်းဖြစ်သည်။ မိမိအနေဖြင့် အသင်းတွင် ပါဝင်ခွင့်မရ သော်လည်း ခက်ခဲစွာ မဖြတ်သန်းခဲ့ရဟု ဂျိမ်းစ်က ဆိုသည်။

‘‘ခက်ခဲတဲ့အချိန်မရှိခဲ့ပါဘူး။ ကျွန်တော်ဒီမှာပဲ အမြဲတမ်း ဆက်နေချင်ခဲ့တာပါ။ လူတိုင်းရဲ့ အားပေးထောက်ခံမှုကို ခံစားရပါတယ်။ နည်းပြ ဇီဒန်းနဲ့လည်း အကောင်းဆုံးဆက်ဆံရေးရှိပါတယ်’’ဟု ရိုဂရီဂွက်ဇ်က ပြောသည်။

မိမိတို့အသင်းသည် အလွန်စည်းလုံးညီညွတ်ကြပြီး ပွဲတိုင်းအနိုင်ရရန် အကောင်းဆုံးကြိုးစား အားထုတ်ကြသည်ဟု ရိုဒရီဂွက်ဇ်က ပြောသည်။

ရိုဒရီဂွက်ဇ် (၂၅)နှစ်က အက်စ်ပန်ညို၏ ကစားပုံကိုလည်း ချီးကျူးပြောဆိုသည်။ သို့သော် နောက်ဆုံးရလဒ်မှာ မျှတပြီး မိမိတို့ ထိုက်တန်စွာ အနိုင်ရရှိခဲ့သည်ဟု ပြောသည်။

—Ref:Goal


Leave a Reply