ကိုပါအမေရိက ဖလား မစတင်မီ ရက်ပိုင်းအလို တွင် ဒဏ်ရာရရှိခဲ့သော အာဂျင် တီးနား တိုက်စစ်မှူးမက်ဆီသည် စနေနေ့က နာကျင်မှုများ သက်သာလာပြီ ဖြစ်သော်လည်း ဒဏ်ရာအပြည့်အဝ ပြန်ကောင်းမည့် အချိန်ကို မသိရသေးဟု အာဂျင်တီးနားအသင်းဆရာဝန် ဒန်နီ ယယ်မာတီနက်ဇ်က ပြောကြားသည်။
မြို့ခံပြိုင်ဘက်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလား (၁၁)ကြိမ်မြောက် ရီးရဲလ်ဆွတ်ခူး
ပြိုင်ဘက် အက်သလက် တီကိုအသင်း ချန်ပီယံလိဂ်ဗိုလ်လု ပွဲ စိတ်ပျက်စရာ ရှုံးနိမ့်မှု ထပ်မံ ဖြစ်ပေါ်ခဲ့သောပွဲတွင် တိုက်စစ် မှူး ရော်နယ်ဒိုက ရီးရဲလ်အတွက် အဆုံးအဖြတ် ပင်နယ်တီသွင်းယူ ခဲ့ပြီး (၁၁) ကြိမ်မြောက် ချန်ပီယံ လိဂ်ဖလား ရရှိခဲ့သည်။
ရီးရဲလ်တွင်သာ ကစားသမားဘ၀ ကုန်ဆုံးလိုဟု ရော်နယ်ဒို ပြော
ရီးရဲလ်မက်ဒရစ်တွင်သာ ကစားသမားဘ၀ကုန်ဆုံးလိုပြီး စာချုပ်သက်တမ်းတိုးရန် စိတ်အားထက်သန်နေသည်ဟု ရော်နယ်ဒိုက အခိုင်အမာပြောကြားလိုက်သည်။
ရော်နယ်ဒို (၃၁) နှစ်၏ ရီးရဲလ်နှင့် စာချုပ်သည် ၂၀၁၈ ၌ ကုန်ဆုံးမည်ဖြစ်ကာ ပီအက်စ်ဂျီ သို့ ပြောင်းရွှေ့မည် (သို့မဟုတ်) မန်ယူသို့ ပြန်သွားမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ယူရိုဘောလုံးပြိုင်ပွဲတွင် ပြင်သစ်ရဲတပ်ဖွဲ့ဝင် ခြောက်သောင်းချထားမည်
ယူရို ၂၀၁၆ ဥရောပဘော လုံးပြိုင်ပွဲ လုံခြုံရေးအတွက် ရဲ တပ်ဖွဲ့ဝင် ခြောက်သောင်းကျော် ချထားမည်ဖြစ်ကာ လာမည့်လ တွင် စတင်မည့်ပြိုင်ပွဲအတွင်း အရပ်ဘက်တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် ဖြစ်နိုင်သမျှ အားလုံး လုပ်ဆောင်သွားမည်ဟု ပြင်သစ် နိုင်ငံက ကြုံးဝါးသည်။
EPLမှာတစ်ရာသီတွင်း အပိုဆုကြေး ပေါင်သန်း ၁၀၀ ကျော်ရ ပထမဆုံးအသင်းဖြစ်လာတဲ့ အာဆင်နယ်
ပြီးဆုံးခဲ့ပြီဖြစ်တဲ့ ၂၀၁၅-၂၀၁၆ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာတော့ လက်စတာအသင်းက ချန်ပီယံဖြစ်ခဲ့ပြီး ဘောလုံးရပ်ဝန်းတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး ဖြစ်ပါတယ်။ အခုလို ပရီးမီးယားလိဂ် ဘောလုံးရာသီပြီးဆုံးခဲ့ချိန်မှာတော့ အသင်းလိုက် ရရှိခဲ့တဲ့ ဆုကြေးငွေတွေကိုလည်း ထုတ်ပြန်ပေးခဲ့ပြီဖြစ်ပါတယ်။ ဆုကြေး ဆိုပေမယ့်လည်း ဒီစာရင်းမှာတော့ ရုပ်သံထုတ်လွှင့်ခတွေပါ ပါဝင်ပေါင်းထည့်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
အင်္ဂလန်နှင့် ဝေးလ်ရိသတ်များကို အရက်မသောက်ရန် တားမြစ်
(Getty Images)
၂၀၁၆ ယူရိုပြိုင်ပွဲမှာ ပြင်သစ်နိုင်ငံ လန်းစ်မြို့ရဲ့ လမ်းတွေပေါ်မှာ အင်္ဂလန်နဲ့ ဝေးလ် ဘောလုံးပရိသတ်တွေကို အရက်သေစာ မသောက်စားဖို့ ပြင်သစ် အာဏာပိုင် တွေက တားမြစ်လိုက်ပါတယ်။
ဇွန် ၁၆ အုပ်စု ခ ပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ ဝေးလ်အသင်းတို့ ကစားကြမှာဖြစ်ပြီး လန်းစ်မြို့မှာ အရက်သောက်ခွင့်ကို ၂၄ နာရီ ပိတ်ပင်လိုက်တဲ့အတွက် အရက်သောက်ခွင့်ရမှာ မဟုတ်ပါဘူး။
လေးနှစ်ကြာ အောင်မြင်မှုနှင့် ဝေးကွာနေခြင်းကို ဆာဂျီယိုဂါစီယာ အဆုံးသတ်
၂၀၁၆ ရာသီ PGA Tour ဂေါ့ဖ်ပွဲစဉ်တစ်ရပ်ဖြစ်သည့် AT& T Byron Nelson ပြိုင်ပွဲ တွင် စပိန်နိုင်ငံသား ဆာဂျီယိုဂါစီယာ အနိုင်ရဗိုလ်စွဲပြီး လေးနှစ်ကြာ အောင်မြင်မှုနှင့် ဝေးကွာ နေခြင်းကို အဆုံးသတ်နိုင်ခဲ့ကြောင်း သိရသည်။
ဂါစီယာသည် စတုတ္ထနေ့ပွဲစဉ်အပြီးတွင် အမေရိကန်နိုင်ငံသား ဘရွတ်ကိုးကာနှင့် လျှော့ရိုက်ချက် ၁၅ ချက်စီ တူညီနေသဖြင့် Play-off ထပ်မံယှဉ်ပြိုင်ခဲ့ရပြီး ပထမဆုံးကျင်းမှာပင် အနိုင်ရခဲ့ခြင်းဖြစ်သည်။
မြန်မာနှင့်ပွဲအပါအ၀င် ခြေစမ်းပွဲများ၌ ရလဒ်ကောင်းများ ရရှိရန် အာရုံစိုက်မည်ဟု မလေးရှား နည်းပြ ပြော
၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာနှင့်မလေးရှားအသင်း ယှဉ်ပြိုင်နေစဉ် ဓာတ်ပုံ−affsuzukicup.com
ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက် မြင့်တက်ရေးအတွက် မြန်မာအသင်းနှင့် ယှဉ်ပြိုင်မည့် ခြေစမ်းပွဲအပါအ၀င် နိုင်ငံတကာခြေစမ်းပွဲများ၌ ရလဒ်ကောင်းများ ရရှိရန် အာရုံစိုက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မလေးရှား လက်ရွေးစင် အသင်းနည်းပြ အွန်ကင်ဆွီးကပြောကြားသည်။
မော်ရင်ဟို နည်းပြသစ်ဖြစ်လာရင် မန်ယူလက်ထောက်နည်းပြ “ဂစ်” အသင်းမှ ထွက်ခွာဖွယ်ရှိ
မန်ယူအသင်းရဲ့လက်ထောက်နည်းပြအဖြစ် တာဝန်ယူလျက် ရှိနေတဲ့ Ryan Giggs (ရွိုင်ယန်ဂစ်) ကတော့ မော်ရင်ဟိုသာ နည်းပြသစ်ဖြစ်လာမယ်ဆိုရင်တော့ မန်ယူအသင်းမှာ လက်ထောက်နည်းပြအဖြစ် ဆက်ရှိနေတော့မှာ မဟုတ်ဘဲ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။
မန်ယူအသင်းကတော့ ဂစ် ကို လက်လွှတ်လိုခြင်းမရှိဘဲ မော်ရင်ဟိုနဲ့ ကစားသမားတွေကြားမှာ အကောင်းဆုံး ပေါင်းကူးတံတားအဖြစ် အသုံးချလိုနေတယ်လို့ သိရပါတယ်။
ဖီဖာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်ကို ရာထူးမှ ထုတ်ပယ်
ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် မာကက်စ် ကတ်နာကို တာဝန်ကနေ ချက်ချင်းထွက်ဖို့ ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။
ဘောလုံးအဖွဲ့ချုပ်အတွင်းမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်ဟာ အလုပ်စာချုပ်ပါ တာဝန်ဝတ္တရားတွေကို ပျက်ကွက်တယ်ဆိုပြီး ကြေညာချက်မှာ ဖော်ပြပါတယ်။
နောက်ထပ် အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်သွားမှာမဟုတ်ဘဲ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ပဲ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဖီဖာရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။