မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနဲ့ တောင်ကိုရီးယားလက်ရွေးစင် အမျိုးသမီး အသင်းတို့ရဲ့ နိုင်ငံတကာ ခြေစမ်းပွဲအကြို သတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှာ ဇွန်လ ၃ ရက်နေ့ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ လာမယ့် ဇူလိုင်လအတွင်း မန္တလေးမြို့မှာ ကျင်းပမယ့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ၂၀၁၆ ဘောလုံးပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ ကမ္ဘာ့အဆင့်ရှိတဲ့ တောင်ကိုရီးယား အမျိုးသမီးအသင်းနဲ့ ခြေစမ်းပွဲ ၂ ပွဲ ကစားဖို့ စီစဉ်ထားပါတယ်။