မန်ယူအသင်းသည် ပီအက်စ်ဂျီအသင်းမှ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျကို ခေါ်ယူရန် ဆွေးနွေး နေကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။
လာမည့် အောက်တိုဘာလတွင် အသက် ၃၅ နှစ်ပြည့်တော့မည့် အီဗရာဟီမိုဗစ်ခ်ျနှင့် ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆို ထားသော စာချုပ်မှာ ယခုနှစ်ရာသီအကုန်တွင် ပြည့်မြောက်ပြီ ဖြစ်သည့်အတွက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည် ဖြစ်သည်။