ယူရိုပွဲပြီးလျှင် လက်ရွေးစင်ကစားသမားဘ၀မှ နားမည်ဟု အီဗရာဟီမိုဗစ် ကြေညာ

Football Soccer - Italy v Sweden - EURO 2016 - Group E - Stadium de Toulouse, Toulouse, France - 17/6/16 Sweden's Zlatan Ibrahimovic looks dejected after the match REUTERS/ Michael Dalder

ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲပြီးရင် လက်ရွေးစင် ကစားသမား ဘ၀ကနေ အနားယူတော့မှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

အုပ်စု အီး မှာ ပါနေတဲ့ ဆွီဒင်ဟာ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံနဲ့ ယှဉ်ပြိုင်ရမှာပါ။

အခုပွဲစဉ်ဟာ ဆွီဒင်တိုက်စစ်မှူးအတွက် နောက်ဆုံးကစားတဲ့ လက်ရွေးစင်ပွဲ ဖြစ်သွားနိုင်တယ်လို့လည်း ခန့်မှန်းတာတွေ ရှိနေပါတယ်။

အိမ်ရှင်ကို ဂိုးပြတ်အနိုင်ယူပြီး အာဂျင်တီးနားအသင်း ကိုပါအမေရိက ဗိုလ်လုပွဲသို့ တက်ရောက်

13516379_1730026207250263_7420871273157462029_n

အမေရိကန် ၀-၄ အာဂျင်တီးနား

ယနေ့နံနက် ယှဉ်ပြိုင်ကစားခဲ့သည့် ရာပြည့်ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အာဂျင်တီးနားအသင်းက အိမ်ရှင်အမေရိကန်အသင်းကို ဂိုးပြတ်အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။

အမေရိကန်အသင်းက ဒမ်ဆေး၊ ဇာဒက်စ်၊ ၀န်ဒိုလောစကီး၊ ဘရက်ဒ်လေတို့နှင့် အာဂျင်တီးနားအသင်းကို ရင်ဆိုင်ကစားခဲ့သော်လည်း အာဂျင်တီးနားဂိုးပေါက်ကို တစ်ကြိမ်မှ ခြိမ်းခြောက်နိုင်ခြင်းမရှိသည်အထိ ဖြစ်ခဲ့ရသည်။

ရာမို့စ်၏ ပယ်နယ်တီကို ဂိုးသမားဆူဘာဆစ် ကာကွယ်နိုင်ရန် မိုဒရစ် အကြံပေးခဲ့ကြောင်း သတင်းထွက်ပေါ်

13528057_1730039663915584_7131018259901538296_o

စပိန်အသင်းနှင့် ခရိုအေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဒဏ်ရာကြောင့် ပါဝင် ကစားနိုင်ခြင်းမရှိဘဲ အရံခုံထိုင်နေခဲ့ရသည့် ခရိုအေးရှားကွင်းလယ်ကစားသမား မိုဒရစ်သည် စပိန်အသင်းမှ ရာမို့စ်၏ ပယ်နယ်တီကို ကာကွယ်နိုင်ရန် အကြံပေးခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။

ယင်းပွဲ၌ ပွဲချိန်မိနစ်(၇၀)ကျော်တွင် စပိန်အသင်းက ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး အသင်းခေါင်းဆောင်နောက်ခံလူရာမို့စ် ကန်သွင်းရန် ပြင်ဆင်နေချိန်၌ ခရိုအေးရှား အသင်းခေါင်းဆောင် ဆာနာက မိုဒရစ်ထံ ပြေးသွား၍ အကြံပြုချက် ရယူခဲ့ပြီး ဂိုးသမားဆူဘာဆစ်ကို ပြန်လည်ပြောပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ထောက်နည်းပြ ရိုင်ယန်ဂစ် မန်ယူအသင်းမှ ထွက်ခွာမည်

250px-Cskamu_17

မန်ယူအသင်း၏ လက်ထောက်နည်းပြဖြစ်သူ ရိုင်ယန်ဂစ်သည် ချန်ပီယံရှစ်ကလပ် နော့တင် ဟမ်ဖောရက်အသင်း နည်းပြအဖြစ် ပြောင်းရွှေ့ တာဝန်ယူရန် လက်ရှိကလပ်မန်ယူအသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ 

မန်ယူအသင်းတွင် ကစားသမားဘဝနှင့် ရော နည်းပြဘဝနှင့်ပါ ၂၉ နှစ်ကြာဖြတ်သန်း ခဲ့ပြီးဖြစ်သည့် ရိုင်ယန်ဂစ်သည် မန်ယူအသင်း မှ ထွက်ခွာရန် သဘောတူညီထားပြီးဖြစ် ကြောင်းလည်း သတင်းများက ဖော်ပြထားသည်။

အုပ်စုမှ လှည့်ပြန်ခဲ့ရ၍ ရုရှားနည်းပြ နုတ်ထွက်ခွင့်တောင်း

Russia-coach-Reuters

ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတဲ့အတွက် နုတ်ထွက်ခွင့်ပြုဖို့ ရုရှားဘောလုံးအသင်းနည်းပြ လီယိုနစ် ဆတ်စကီက တောင်းခံခဲ့ပါတယ်။

အုပ်စုဘီ နောက်ဆုံးပွဲမှာ ဝေးလ်စ်အသင်းကို ၃ ဂိုး ဂိုးမရှိ၊ အင်္ဂလန်နဲ့ ၁ ဂိုးစီသရေ၊ ဆလိုဗက်ကီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ရုရှားဟာ အုပ်စုကနေ လှည့်ပြန်ခဲ့ရတဲ့အတွက် နုတ်ထွက်ဖို့ ကမ်းလှမ်းထားတယ်လို့ သတင်းမှာ ရေးပါတယ်။

မက်ဆီသည် အတားအဆီးဖြစ်သော်လည်း အမေရိကန်ဖလားရနိုင်ဟု ကလင်းစမန်း ပြောကြား

Untitled-1_9

အိမ်ရှင်အမေရိကန် အသင်း ကိုပါအမေရိကဖလားတွင် အနိုင်ရရှိရေးအိပ်မက်အတွက် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် အတားအဆီးတစ်ခု ဖြစ်နေသော်လည်း အာဂျင်တီးနားကို အနိုင်ယူကာ ရာပြည့်ဖလား ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်အသင်း နည်းပြ ဂျာဂန်ကလင်းစမန်းက ပြောသည်။

‘‘ကျွန်တော်တို့ အမေရိကန်အသင်း ကိုပါအမေရိကဖလားမရ နိုင်စရာအကြောင်းလုံးဝမရှိဘူး။ ရှုံးထွက်အဆင့်မှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ဘယ်သူနဲ့ပဲ ကစား၊ ကစားနိုင်ဖို့ ရာခိုင်နှုန်းထက်ဝက် စီရှိပါတယ်’’ဟု ကလင်းစမန်းက ပြောသည်။

ယူရို-၂၀၁၆ ပြိုင်ပွဲတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် ဆိုးသွမ်းပရိသတ် (၅၅၇)ဦး ရှိလာ

13502141_1729540483965502_9023952816848114134_n

ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် ယူရို-၂၀၁၆ ပြိုင်ပွဲတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် ဆိုးသွမ်း ပရိသတ် (၅၅၇)ဦး ရှိလာကြောင်း ပြင်သစ်အစိုးရက ဇွန်(၂၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

ယင်းထဲမှ (၂၁)ဦးမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး အခြား (၆)ဦးမှာ ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံထားရသည်။ ထို့အပြင် ပြင်သစ် အာဏာပိုင်များသည် အခြား ပရိသတ် (၂၅)ဦးကိုလည်း ပြည်နှင်ဒဏ် ချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

ဖရီးကစ်ကန်ရာတွင် ရော်နယ်ဒို၏ အကြံဉာဏ်ကို ရယူခြင်း မရှိဟု ဂါရတ်ဘေးလ် ပြော

bale.jpg.size_.custom.crop_.1086x725

ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အလွတ်တည်ကန်ဘောမှ တစ်ဆင့် ဂိုးနှစ်ဂိုး သွင်းယူထားသည့် ဝေးလ်စ်အသင်းကြယ်ပွင့် ဂါရတ်ဘေးလ်က ယခုပြိုင်ပွဲ၌ ဂိုးပေါက် ပျောက်နေသော ၎င်း၏ ရီးရဲလ်အသင်းဖော် ရော်နယ်ဒိုထံမှ အကြံဉာဏ် ရယူခြင်း မရှိဘဲ အလွတ် တည်ကန်ဘောများကို ကိုယ်ပိုင် ပုံစံဖြင့် ကန်သွင်းနေသည်ဟု ပြောကြားသည်။

အလွတ် တည်ကန်ဘောများ ကန်သွင်းရာတွင် မိမိတို့နှစ်ဦးကန်သွင်းပုံ အလွန်ခြားနားသည်ဟု ဂါရတ်ဘေးလ်က ပြောသည်။

တရုတ်နိုင်ငံတွင်ကျင်းပမည့် MMA ပြိုင်ပွဲတွင် အောင်လအန်ဆန် ယှဉ်ပြိုင်မည်

160702Hefeifightcardmini-EN

တရုတ်နိုင်ငံမှာ ပြုလုပ်မယ့် MMA ပြိုင်ပွဲမှာ အောင်လအန်ဆန်ပါဝင်မယ်လို့ သိရပါတယ်။  ဇူလိုင် ၂ ရက်နေ့မှာ ကျင်းပမယ့် MMA ပြိုင်ပွဲမှာ အောင်လအန်ဆန်ဟာ ရုရှားနိုင်ငံသား ဘူဒိုရင်နဲ့ယှဉ်ပြိုင်မှာဖြစ်ပြီး အခုပွဲအနိုင်ရရင် ကမ္ဘာ့ချန်ပီယံ လုပွဲကို ယှဉ်ပြိုင်ခွင့်ရဖို့ အခြေအနေကောင်းတယ်လို့ သိရပါတယ်။ မစ်ဒယ်ဝိတ်တန်းမှာ အောင်လအန်ဆန်ဟာ ၂၆ ပွဲယှဉ်ပြိုင်ထားပြီး ၁၇ ပွဲနိုင်ကာ ၉ ပွဲရှုံးထားပါတယ်။ 

Queen ကလပ်ဖလား တင်းနစ်ပြိုင်ပွဲတွင် အန်ဒီမာရေး ငါးကြိမ်မြောက် ဗိုလ်စွဲ

Britain Tennis - Aegon Championships - Queens Club, London - 19/6/16 Great Britain's Andy Murray celebrates with the trophy after victory in the final Action Images via Reuters / Tony O'Brien Livepic EDITORIAL USE ONLY.

ဇွန် ၁၉ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ Queen ကလပ်ဖလား တင်းနစ်ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲမှာ ဗြိတိသျှ တင်းနစ်အကျော်အမော် အန်ဒီ မာရေးက ကနေဒါနိုင်ငံသား မီလော့စ် ရွန်နစ်ကို ၆-၇(၅)၊ ၆-၄၊ ၆-၃ နဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။