ကိုပါအမေရိက ဗိုလ်လုပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှ အနားယူ တော့မယ့် လီယွန်နယ် မက်ဆီကို အာဂျင်တီးနားသမ္မတ မော်ရီစီယို မာ့ခ်ရီက လက်ရွေးစင်အသင်းမှာ ဆက်ကစားရန် ဖုန်းဆက်ပြီး မေတ္တာရပ်ခံ ပြောကြားခဲ့ကြောင်း သိရပါတယ်။
သမ္မတက မက်ဆီထံဖုန်းဆက်ပြီး အာဂျင်တီးနား ဘောလုံးအသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ဂုဏ်ယူကြောင်း၊ ဝေဖန်မှုတွေကို ဂရုမစိုက်ရန်နဲ့ လက်ရွေးစင်အဖြစ်မှ အနားမယူရန် တိုက်တွန်းခဲ့ကြောင်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ (ဇွန်လ ၂၈ ရက်) မှာ ပြောပါတယ်။