ဘွန်ဒစ်လီဂါ ရာသီပိတ် ပွဲစဉ်ဖြစ်တဲ့ ပွဲစဉ်(၃၄)ကို စနေ့ည (၈)နာရီမှာ တစ်ပြိုင်တည်း ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက အိမ်ကွင်းမှာ ဟန်နိုဗာအသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံ ဆုဖလားကို ကိုင်မြှောက်ခဲ့ပါတယ်။
ဘွန်ဒစ်လီဂါမှာ ချန်ပီယံ အဖြေပေါ်ပြီးဖြစ်သလို၊ ဥရောပ ၀င်ခွင့်ရမယ့်အသင်းတွေကလည်း သေချာလုနီးပါးဖြစ်ခဲ့လို့ တန်းဆင်းဇုန်က အသင်းတွေကိုပဲ စောင့်ကြည့်ခဲ့ရတာပါ။