မိုဗစ်ထွက်ခွာမည်ဆိုပါက ၀မ်းသာမည်ဟု မော်ရင်ဟို ပြောကြား

ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဗရာဟီမိုဗစ် မန်ယူမှ ထွက်ခွာရန် ဆုံးဖြတ်ပါက မိမိပျော်ရွှင်မည်ဖြစ်ကြောင်း မန်ယူ နည်းပြ မော်ရင်ဟိုက ပြောသည်။

အီဗရာဟီမိုဗစ်၏ စာချုပ်တွင် မန်ယူနှင့် နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်သည့် သတ်မှတ်ချက်ပါဝင်ပြီး အိုးထရက်ဖို့ဒ်၌ ဆက်လက်နေရေး စာချုပ်သက် တမ်းတိုးရန် ဆွေးနွေးနေသည်။

ဆွီဒင်အသင်းခေါင်းဆောင် ဟောင်း အီဗရာဟီမိုဗစ် (၃၅)နှစ် သည် ပြိုင်ပွဲအရပ်ရပ်တွင် ၂၆ ဂိုးသွင်းယူထားပြီး ခြေစွမ်းထက် မြက်နေသော်လည်း မော်ရင်ဟို က အသင်းသစ်သို့ ပြောင်းရန် ၎င်းဆုံးဖြတ်မည်ဆိုပါက မိမိအနေဖြင့် နားလည်ပေးနိုင်ကြောင်း ပြောကြားသည်။

မိမိအနေဖြင့် အီဗရာဟီမိုဗစ်ကို အိုးထရက်ဖို့ဒ်တွင် ဆက်ထားလိုသော်လည်း ၎င်း၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကာ စိုးရိမ်မှု တစ်စုံတစ်ရာမရှိဟု မော်ရင်ဟိုက ပြောသည်။

‘‘ကျွန်တော် အေးဆေးပါပဲ။ သူ့ဆုံးဖြတ်ချက်ကို စောင့်နေပါ တယ် ဆက်နေဖို့ ဆုံးဖြတ်ခဲ့ရင် သူဝမ်းသာရပါမယ်။ ကျွန်တော် တို့ ၀မ်းသာရပါမယ်။ သူထွက် သွားဖို့ ဆုံးဖြတ်ခဲ့ရင် သူ့အတွက် ကျွန်တော်ဝမ်းသာပေးပါမယ်’’ ဟု မော်ရင်ဟိုက ပြောကြားသည်။ အီဗရာဟီမိုဗစ်ကို ခေါ်ယူရန် အယ်လ်အေဂလက်စီနှင့် နာပိုလီအသင်းတို့ အပါအ၀င် အသင်းများစွာက စိတ်ဝင်စားနေသည်။

မော်ရင်ဟိုက ဆက်လက် ပြောကြားရာတွင် ဘာကာမှ ဘရာဇီးတိုက်စစ်မှူး နေမာကို ခေါ်ယူရန် မဖြစ်နိုင်ဘဲ ဘာကာအနေဖြင့် နေမာကို လက်လွှတ်ဆုံးရှုံး၍ မရ နိုင်သလို ဆုံးရှုံးခံမည် မဟုတ်ဟု ပြောသည်။

‘‘နေမာကို ခေါ်ဖို့ ကြိုးစားတာဟာ မီးခံသေတ္တာတစ်လုံးကို ချိုးဖျက်ဖို့ ကြိုးစားသလိုပဲ ကျွန်တော်ထင်ပါတယ်။ မဖြစ်နိုင်ပါ ဘူး’’ဟု မော်ရင်ဟိုက ဆိုသည်။

ထို့အပြင် မော်ရင်ဟိုကစနေနေ့တွင် ယှဉ်ပြိုင်မည့် ၀က်စ်ဘရွန်းအသင်း၌ နိုင်ငံတကာပွဲ ကစားနေသော ကစားသမား တစ်ဦးသာရှိသောကြောင့်  ရင်ဆိုင်ရန် ခက်ခဲမည်ဟုပြောသည်။

—Ref:Goal