ဘာစီလိုနာအသင်းအတွက် နေမာ ဂိုး(၁၀၀)ပြည့်မြောက်

ဘာစီလိုနာအသင်းတိုက်စစ်မှူး နေမာသည် ဂရန်နာဒါအသင်းအား အဝေးကွင်း၌ ဂိုးပြတ်အနိုင်ရသည့်ပွဲတွင် နာကျင်အချိန်ပိုမှာ အနိုင်ဂိုးတစ်ဂိုးသွင်းယူကာ အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး (၁၀၀)ပြည့်မြောက်ခဲ့ကြောင်း သိရသည်။

၂၀၁၃-၁၄ ဘောလုံးရာသီတွင် ဘာစီလိုနာအသင်းသို့ ရောက်ရှိလာခဲ့သည့် နေမာမှာ အသင်းအတွက် ကစားသည့် ပွဲ (၁၇၇)ပွဲမြောက်တွင် သွင်းဂိုးရာပြည့်မှတ်တိုင်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နေမာမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ဂိုး(၁၀၀)နှင့်အထက် သွင်းယူနိုင်သည့် တတိယ မြောက် ဘရာဇီးလ် ကစားသမားလည်း ဖြစ်လာခဲ့သည်။ နေမာ၏အထက်တွင် ရီဗာလ်ဒို(၁၃၀ ဂိုး)၊ အီဗာရစ္စတို (၁၀၅ ဂိုး) တို့က ရပ်တည်လျက်ရှိသည်။

-Ref; Sky Sports