ဘာစီလိုနာအပြောင်းအရွှေ့အတွက် ဖွင့်ပြောလိုက်တဲ့ ဘယ်လာရင်

ဘယ်လာရင်ကို ဘာစီလိုနာနဲ့ မန်စီးတီးက ကမ်းလှမ်းနေမှာပါ။ ဘာစီလိုနာနဲ့ မန်စီးတီးအသင်းက စိတ်ဝင် စားနေတဲ့ အာဆင်နယ်ကစားသမား ဘယ်လာရင်က နောက်ဆုံးမှာ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး သူ့ရဲ့ ခံယူချက်ကို ပြောကြားလိုက်ပြီဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်နောက်ခံကစားသမား ဘယ်လာရင်ကို ဘာစီလိုနာအသင်းထံကနေ အာဆင်နယ် အသင်း ကခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ အခု ဘယ်နောက်ခံကစားသမား လိုအပ်နေတဲ့  ဘာစီလိုနာ အသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ဘယ်လာရင်ကို ပြန်လည်ခေါ်ယူချင်နေတာဖြစ်ပါတယ်။ နောက်ခံကစားသမား ဘယ်လာရင်ကတော့ ငွေကြေးထက်ပိုပြီးအရေးကြီးတာ သစ္စာစောင့်သိမှုဖြစ်တယ်လို့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သူ့ရဲ့ခံယူချက်ကို အခုလို ပြောပါတယ်။

“ကျွန်တော့်အတွက်တော့ သစ္စာရှိမှုက ငွေကြေးထက်ပိုပြီးအရေးကြီးပါတယ်။ လူတစ်ယောက်ချင်းစီအတွက် လည်း ဒါကအရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ဘယ်လာရင်က ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘယ်လာရင်ကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းက ကမ်းလှမ်းမှုအသစ်တွေ ပြုလုပ်နေပြီလို့ ယူဆ ရပါတယ်။

မိမိရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အသင်းမှာဆက်နေမလား ဘာလုပ်မလဲဆိုတာကို မကြာခင်သိရမယ်လို့ လည်း ဘယ်လာရင်က ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာက စိတ်ဝင်စားနေတာကို ရင်မခုန်တဲ့ ကစားသမား တော့ ရှိမယ်မထင်ဘူးလို့လည်း ဘယ်လာရင်က ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ” ဘယ်ကစားသမားပဲ ဖြစ်ဖြစ် ဘာစီလိုနာ စိတ်ဝင်စားမှုကို လိုချင်တဲ့ ကစားသမားမရှိပါဘူး” လို့ ဘယ်လာရင်က စပိန်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေစဉ် အင်တာဗျူးအစီအစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

Source : ESPN