လာမယ့် ၃ ပွဲမှာ ရလဒ်မကောင်းလျှင် ထုတ်ပယ်ခံရနိုင်တဲ့ ဘီလစ်

ဝက်စ်ဟမ်း အသင်း နည်းပြ ဘီလစ်ဟာ ၎င်းအနေနဲ့ အသင်းရဲ့ လက်ရှိ ရလဒ်မကောင်းမှုတွေကို လာမယ့် ပွဲစဉ် ၃ ပွဲမှာ အဆုံးမသတ်နိုင်ခဲ့ပါက ရာထူးကနေ ထုတ်ပယ်ခံရနိုင်ကြောင်း သိရပါတယ်။

၂၀၁၇ ခုနှစ် အတွင်း ၃ ပွဲဆက် ရှုံးနိမ့်ခြင်းနဲ့ အတူ ဂိုးမပေးရတဲ့ ပွဲစဉ် ၁ ပွဲသာ ရှိထားတဲ့ ၀က်စ်ဟမ်း အသင်းဟာ လာမယ့် ပွဲစဉ် ၃ ပွဲမှာတော့ ဟားလ်စီးတီး၊ အာဆင်နယ်၊ ဆွမ်ဆီး အသင်းများနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

ဒီလို ပွဲစဉ်တွေမှာသာ နိုင်ပွဲရအောင် မလုပ်နိုင်ခဲ့ပါက ၀က်စ်ဟမ်းအသင်း ဘုတ်အဖွဲ့ဝင်တွေဟာ ၂၀၁၅ ခုနှစ် ကတည်းက အသင်းကို ကိုင်တွယ်နေတြ့ နည်းပြ ဘီလစ် နေရာကို အပြောင်းအလဲ လုပ်ဖို့ များနေပါတယ်။

လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှုမှာလည်း ၀က်စ်ဟမ်း အသင်းဟာ တန်းဆင်းဇုန်နဲ့ ၉ မှတ်အကွာမှာ ရှိနေလို့ ဘီလစ် အတွက်လည်း ဖိအားများနေပါတယ်။

ဝက်စ်ဟမ်း အသင်း ဘုတ်အဖွဲ့ဝင်တွေဟာ မနှစ်က ရလဒ်ကောင်းတွေ ရယူခဲ့တဲ့ ဘီလစ်ကို ပြီးခဲ့တဲ့ ရာသီဝက်မှာ အသင်းကို အမှတ်ပေးဇယား အလယ်အလတ် အထိ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့လို့ လာမယ့် နွေရာသီမှာ စာချုပ်သစ် ချုပ်ဖို့လည်း စီစဉ်နေပေမယ့် လက်ရှိ အနေအထားကြောင့် ဖြစ်လာဖို့ မသေချာတော့ကြောင်း သိရပါတယ်။

-Ref; Sky Sports