စင်္ကာပူနဲ့ ပွဲဦးထွက်တွေ့မယ့် မြန်မာအသင်း

13233055-693084040830411-7647008089556537350-n

ရန်ကုန်မြို့မှာ ကျင်းပမယ့် လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ မြန်မာအသင်းဟာ ပွဲဦးထွက်အဖြစ် အိမ်ရှင်စင်္ကာပူ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

လီဗာပူးနှင့် ဆီဗီလာ ယနေ့ည ယူရိုပါလိဂ်ဖလား ဗိုလ်လုမည်

516464949

ဘေဆယ်−ယူရိုပါလိဂ်ဖလားကို သုံးနှစ်ဆက်တိုက် ရယူရန် ကြိုး စားမည့် ဆီဗီလာနှင့် လီဗာပူးအ သင်းတို့သည် ဘေဆယ်မြို့ စိန်ဂျာကော့ဘ်ပက်ခ်ကွင်းတွင် ယနေ့ည ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဆီဗီလာသည် ၂၀၁၄ က ဘင်ဖီကာ၊ ၂၀၁၅ က ဒီနီပရိုအ သင်းတို့ကို အနိုင်ယူပြီး ယူရိုပါ လိဂ်ဖလားများ ရရှိခဲ့သည်။

အီဗရာဟီမိုဗစ်ခ်ျကို ခေါ်ယူရန် မန်ယူဆွေးနွေး

342D5DCF00000578-3593633-image-a-1_1463433630111

မန်ယူအသင်းသည် ပီအက်စ်ဂျီအသင်းမှ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျကို ခေါ်ယူရန် ဆွေးနွေး နေကြောင်း  ဒေးလီးမေးလ်သတင်းစာက   ဖော်ပြခဲ့သည်။

လာမည့် အောက်တိုဘာလတွင် အသက် ၃၅ နှစ်ပြည့်တော့မည့် အီဗရာဟီမိုဗစ်ခ်ျနှင့် ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆို ထားသော စာချုပ်မှာ ယခုနှစ်ရာသီအကုန်တွင် ပြည့်မြောက်ပြီ ဖြစ်သည့်အတွက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည် ဖြစ်သည်။

ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဟယ်ရီကိန်း ရရှိ

Harry-Kane_3184457k

ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းဂိုး ၂၅ ဂိုး ဖြင့် ရရှိသွားသည်။

ယင်းတိုက်စစ်မှူးသည် သွင်းဂိုး ၂၄ ဂိုးစီသွင်းယူထားကြသည့် လက်စတာတိုက်စစ်မှူး ဗာဒီနှင့် မန်စီးတီးတိုက်စစ်မှူး အဂူရိုတို့ကို ကျော်ကာ ရွှေဖိနပ်ဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အပြေးချန်ပီယံ အူစိန်ဘော့ ဒဏ်ရာကြောင့် ဂျာမနီတွင် ဆေးကု

Usain-Bolt-Reuters

ပိုမိုဆိုးဝါးလာတဲ့ တံကောက်ကြောဒဏ်ရာကြောင့် ဂျမေကာအပြေးသမား အူစိန်ဘော့ဟာ ဂျာမနီမှာ ဆေးကုသမှု ခံယူနေတယ်လို့ နည်းပြကို ကိုးကားပြီး ဒေသခံ ရေဒီယိုတွေက ထုတ်ပြန်ပါတယ်။

မေ ၁၄ ရက် ကေမန်းကျွန်းက နိုင်ငံတကာဖိတ်ခေါ် အပြေးပြိုင်ပွဲမှာ မီတာ ၁၀၀ နဲ့ ၂၀၀ အိုလံပစ်ချန်ပီယံ အူစိန်ဘော့ဟာ တံကောက်ကြောဒဏ်ရာကို ရရှိခဲ့တာလို့ အူစိန်ဘော့ရဲ့ နည်းပြ ဂလန်းမေးလ်က ပြောပါတယ်။

တနှစ်တာ အကောင်းဆုံး နည်းပြဆု လက်စတာနည်းပြရ

Claudio-Ranieri-Reuters

လိဂ်နည်းပြများအစည်းအရုံး LMA တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို လက်စတာနည်းပြ ရေနီယာရီက ရရှိသွားသည်။

အသက် ၆၄ နှစ်အရွယ် အီတာလျံနည်းပြကြီးသည် ပထမဆုံးစတင်တာဝန်ယူသည့် ရာသီမှာပင် လက်စတာအသင်း ကို ပရီးမီးယားလိဂ် ဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

ရေနီရာရီသည် ပရီးမီးယားလိဂ်အကောင်းဆုံး နည်းပြဆုကိုလည်း ရရှိခဲ့ပြီး ဘရိုက်တန်နည်းပြ ခရစ္စဟုခ်ျတန်က ချန်ပီယံရှစ် နည်းပြဆုကို ရရှိခဲ့ သည်။

စပိန်လာလီဂါ ချန်ပီယံ ဘာစီလိုနာအသင်း လှည့်လည်အောင်ပွဲခံ

Barcelona-celebrates03-Reuters

စပိန် လာလီဂါဖလားကို ၂၄ ကြိမ်မြောက် ရရှိသွားတဲ့ ဘာစီလိုနာအသင်းနဲ့ ပရိသတ်တွေဟာ ဘာစီလိုနာမြို့မှာ ချန်ပီယံဖလားကို လှည့်လည် အောင်ပွဲခံကြပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ နောက်ဆုံးပွဲစဉ်မှာ လူးဝစ်ဆွာရက်စ်ရဲ့ ဟက်ထရစ် သွင်းဂိုးနဲ့ ဘာစီလိုနာအသင်းက ဂရန်ဒါအသင်းကို အနိုင်ယူပြီး ဖလားရရှိသွားတာပါ။

ချဲလ်ဆီးနှင့် တော့တင်ဟမ်တို့ ပေါင်သိန်းချီ စံချိန်တင် ဒဏ်ရိုက်ခံရ

Chelsea-and-Spur

အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီးအသင်းနဲ့ တော့တင်ဟမ်အသင်းတို့ကို ကစားသမားတွေ ထိန်းချုပ်နိုင်ခြင်း မရှိတဲ့အတွက် ပေါင်သိန်းချီပြီး အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် (အက်ဖ်အေ) က ဒဏ်ရိုက်လိုက်ပါတယ်။

၂၀၁၄ နိုဝင်ဘာက စတင်ပြီး ပွဲကစားစဉ် ပြိုင်ဘက်ကစားသမားတွေနဲ့ ထိပ်တိုက် ၄ ကြိမ် ဖြစ်ပွားခဲ့တဲ့အတွက် ပေါင် ၃၇၅၀၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

လက်စတာအသင်းကို အသင်းပရိသတ်များက ရန်ကုန်လေဆိပ်၌ ကြိုဆိုမည်

Leicester’s team manager Claudio Ranieri and Leicester’s Wes Morgan lift the trophy as Leicester City celebrate becoming the English Premier League soccer champions at King Power stadium in Leicester, England, Saturday, May 7, 2016.(AP Photo/Matt Dunham)

ယခုနှစ် အင်္ဂလန်ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာအသင်း အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − အေပီ)

 ရွှေတိဂုံစေတီတော်သို့ လာရောက်မည့် အင်္ဂလန်ပရီးမီး ယားလိဂ်ချန်ပီယံ လက်စတာအသင်းကို မြန်မာနိုင်ငံမှ လက်စတာ အသင်းပရိသတ်များက လေယာဉ် ကွင်းသို့ သွားရောက်ကြိုဆိုမည်ဖြစ်ကြောင်း သတင်းရရှိသည်။