ဘာစီလိုနာတွင် အရန်ခုံမထိုင်လို၍ မန်စီးတီးသို့ ပြောင်းခဲ့ဟု ဘရာဗို ပြောကြား

mancity-1

ဘာစီလိုနာအသင်း၌ အရန်ခုံထိုင်ရမည့် အလား အလာကြောင့် ပရီးမီးယားလိဂ်မှ မန်စီးတီးသို့ ပြောင်းလဲခဲ့သည်ဟု ချီလီလက်ရွေးစင်ဂိုးသမား ဘရာ ဗိုက ထုတ်ဖော်ပြောကြားသည်။

ဘရာဗိုသည် ဘာကာတွင် ၂ နှစ်ကစားပြီး ဆုဖလားများရရှိ ခဲ့သော်လည်း ပြီးခဲ့သည့်လက ဂွါဒီယိုလာ၏ မန်စီးတီးသို့ ရောက်လာခဲ့သည်။

ဘရာဗိုပထမဆုံးပါဝင်သော မန်ယူကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် အမှားများသော်လည်း ယင်းနောက်ပိုင်း မိုချန်ဂလာဘတ်နှင့် ဘုန်းမောက်ကို လေးဂိုးပြတ်နိုင်သော ပွဲများတွင် ဘရာဗိုသည် ပေးဂိုးမရှိခဲ့ပေ။

ဘာစီလိုနာ၌ ၎င်းကစားခဲ့ သော နှစ်ရာသီတွင် ဦးစားပေး ကစားသမား ဖြစ်ခဲ့သော်လည်း ယခုရာသီ၌ ဂျာမန်လက်ရွေးစင် တာစတီဂျင်က နံပါတ်(၁) ဖြစ်ရန် အလားအလာရှိနေ၍ ရှေ့ဆက် လျှောက်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဘရာဗိုက ပြောသည်။

‘‘စာချုပ်သက်တမ်းတိုးဖို့ ဘာကာက ကမ်းလှမ်းပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ အစီအစဉ် တွေမြင်နေတော့ ကျွန်တော့်အနေ အထားကို သူတို့နားလည်အောင် လုပ်ခဲ့ပါတယ်။ ကျွန်တော် အရန် ခုံမှာ မထိုင်ချင်ပါဘူး။ သူတို့ လည်း သဘောပေါက်ပါတယ်’’ ဟု ဘရာဗိုက ပြောသည်။

မန်စီးတီးသည် ယနေ့ည လိဂ်ဖလားတတိယအဆင့်တွင် ဆွမ်ဆီးကွင်းသို့ သွားရောက်ယှဉ် ပြိုင်ရမည်ဖြစ်သည်။

—Ref: Goal


Leave a Reply