ငဖဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်စည်းဝေး ကွန်ပျူတာသင်တန်းဆင်း

 

ငဖဲ ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လပတ်ပုံမှန်အစည်းအဝေး ၆/၂ဝ၁၈ ကို ယနေ့နံနက် ၁ဝ နာရီမှ ၁၂ နာရီအထိလည်း ကောင်း၊ငဖဲမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီနှင့် MMC Computer Center တို့ဧပြီနှင့်မေအတွင်းက ပူးတွဲဖွင့် လှစ်ခဲ့သည့် နွေရာသီအခြေခံကွန်ပျူတာ သင်တန်း၏ သင်တန်းဆင်းပွဲကို နံနက် ၉ နာရီခွဲမှ ၁ဝ နာရီခွဲအထိ သီးခြားစီ ကျင်းပ ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မင်းဘူးခရိုင် ပါတီကော်မတီဝင်ဦးမောင်မောင်ဝမ်း၊ မြို့နယ် ပါတီဥက္ကဋ္ဌဦးအောင်နိုင်လင်း၊အတွင်းရေးမှူး ဦးသန်းနိုင်ဦး၊ ဘဏ္ဍာရေးမှူးဦးဌေးအောင်၊MCC Computer Center မှ ဆရာမ ဒေါ်အိမွန်လှိုင်နှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ပါတီလူငယ်များ၊ ပါတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)