အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို မန္တလေးရှိ လူမှုအဖွဲ့အစည်းများ ဦးဆောင်ကျင်းပမည်
စက်တင်ဘာ ၂၁ ရက် တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်း အမှတ်အခမ်းအနားကို မန္တလေး အခြေစိုက် လူမှုအဖွဲ့အစည်း ၁၁ ဖွဲ့က ဦးဆောင်ပြုလုပ်မည်ဖြစ် ကြောင်းသတင်းရရှိသည်။ စက်တင်ဘာ ၂၁ ရက်သည် လူသားအားလုံးနှင့် သက်ဆိုင်သော ငြိမ်းချမ်းရေးနေ့ဖြစ်သည်ကို လူအများ သိရှိစေရန်နှင့် မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များကို သတိပြုမိလာပြီး ပြည်သူလူ ထုကိုယ်တိုင် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များတွင် ပူးပေါင်းပါဝင် လာစေရန် ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ကြောင်း Mandalay Com- munity Center မှ Program Coordinator ကို မိုးမင်းအောင်က ပြောကြားသည်။
အဆိုပါရက်တွင် ၆၂ လမ်း ရှိ မနော်ရမ္မံလူထုဟစ်တိုင်နေရာ ၌ အခမ်းအနားကို ညနေ ၄ နာရီမှ ည ၇ နာရီအထိ ပြုလုပ်မည်ဖြစ် ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များ တက်ရောက်ရန် စီစဉ်ထား သည်ဟုသိရသည်။ တိုင်းရင်း သားများ၏ ငြိမ်းချမ်းရေးတောင်း ဆိုမှု ပါဖောမန့်များ၊ တိုင်းရင်း သားများ၏ ငြိမ်းချမ်း ရေးသီချင်းဖြင့် ကပြတင်ဆက်မှုများ၊ ဂီတမိတ်အဖွဲ့က ငြိမ်းချမ်းရေးတေးသီချင်းဖြင့် ဖျော်ဖြေခြင်း၊ ဘာသာရေး ခေါင်းဆောင်များကဆုတောင်း ခြင်းနှင့် ငြိမ်းချမ်းရေးချိုးဖြူငှက်လွှတ်ခြင်း၊ ငြိမ်းချမ်းရေးကဗျာ ရွတ်ဆိုခြင်း၊ ငြိမ်းချမ်းရေးတေး သရုပ်ဖော် တင်ဆက်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်းပွဲစီစဉ်သူ များက ပြောကြားသည်။
ပွဲမတိုင်မီ စက်တင်ဘာ ၂၀ ရက်တွင်လည်း လူငယ်များစု ပေါင်းကာ မြို့တွင်းလူစည်ကား ရာနေရာများသို့ ပန်းဖလက်များ၊ စတစ်ကာများ လိုက်လံဝေငှပြီး ငြိမ်းချမ်း ရေးနေ့အခမ်းအနား တက်ရောက်ရန် လှုံ့ဆော်မည်ဟု ကိုမိုးမင်းအောင်က ပြောကြား သည်။ ၁၉၈၁ တွင် ကမ္ဘာ့ကုလ သမဂ္ဂက စက်တင်ဘာလတတိယ ပတ် အင်္ဂါနေ့ကို အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အဖြစ် ကျင်းပရန် သတ်မှတ်ခဲ့သည်။ ၁၉၈၂ ကစတင်၍ နှစ်စဉ်အပြည် ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ကမ္ဘာ အနှံ့စတင်ကျင်းပခဲ့ကြသည်။
၂၀၀၁ မှစတင်၍ စက်တင် ဘာ ၂၁ ရက်ကို ငြိမ်းချမ်းရေးနေ့ အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ သည်။ ကမ္ဘာတစ်ဝန်း အကြမ်း ဖက်မှုမျိုးစုံနှင့် စစ်ပွဲများ ရပ်တန့် ရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနား ကို ကျင်းပခဲ့ကြသကဲ့သို့ မြန်မာ နိုင်ငံတစ်ဝန်း၌ လည်း ကျင်းပကြသည်။ မန္တလေးမြို့တွင်လည်း အရပ် ဘက် အဖွဲ့အစည်း များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၁၃ ကစတင်၍ အခမ်းအနားများဖြင့် ကျင်းပရာ ယခုအခါ လေးကြိမ် တိတိရှိခဲ့ပြီဖြစ်သည်။