ဂါဇာအေျခအေနႏွင့္စပ္လ်ဥ္း၍ ဆီးရီးယားသမၼတႏွင့္ ႐ုရွားသမၼတတို႔ ဖုန္းျဖင့္ ဆက္သြယ္ေဆြးေႏြး

ေအာက္တိုဘာ ၁၇

ဆီးရီးယားနိုင္ငံသမၼတ ဘာရွားအယ္လ္အာဆတ္ႏွင့္ ႐ုရွားနိုင္ငံသမၼတ ဗလာဒီမာပူတင္တို႔သည္ ဂါဇာကမ္းေျမႇာင္ေဒသတြင္ ျဖစ္ပြားလ်က္ရွိေသာ တိုက္ခိုက္မႈမ်ားႏွင့္စပ္လ်ဥ္း၍ ေအာက္တို ဘာ ၁၆ ရက္တြင္ ဖုန္းျဖင့္ဆက္သြယ္၍ ေဆြးေႏြးညႇိႏွိုင္းမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ဆီးရီးယားနိုင္ငံပိုင္ သတင္းဌာန SANA က သတင္းေဖာ္ျပခဲ့သည္။
ဆီးရီးယားနိုင္ငံသမၼတ ဘာရွားအယ္လ္ အာ ဆတ္ႏွင့္ ႐ုရွားနိုင္ငံသမၼတ ဗလာဒီမာပူတင္တို႔သည္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူ အညီမ်ား ခ်က္ခ်င္းေပးပို႔ျခင္းႏွင့္စပ္လ်ဥ္း ၍ အေလးထားေဆြးေႏြးခဲ့ၿပီး အစၥေရး၏ ပစ္ခတ္မႈအား ရပ္တန႔္ရန္ႏွင့္ ဂါဇာတြင္ ပါလက္စတိုင္းမ်ား ေရႊ႕ေျပာင္းေနထိုင္ရန္ နည္းလမ္းမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ဂါဇာကမ္းေျမႇာင္ေဒသတြင္ အစၥေရးစစ္တပ္ ၏ တိုက္ခိုက္မႈေၾကာင့္ ပါလက္စတိုင္းနိုင္ငံသားအနည္း ဆုံး ၂၇၅၀ ေသဆုံးခဲ့ၿပီး အစၥေရးနိုင္ငံတြင္လည္း ေအာက္တိုဘာ ၁၅ ရက္အထိ ေသဆုံးသူ အနည္းဆုံး ၁၂၈၄ဦးရွိေၾကာင္း တရားဝင္ကိန္းဂဏန္းမ်ားအရ သိရသည္။

============================

ဂါဇာအခြေအနေနှင့်စပ်လျဉ်း၍ ဆီးရီးယားသမ္မတနှင့် ရုရှားသမ္မတတို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

အောက်တိုဘာ ၁၇

ဆီးရီးယားနိုင်ငံသမ္မတ ဘာရှားအယ်လ်အာဆတ်နှင့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်တို့သည် ဂါဇာကမ်းမြှောင်ဒေသတွင် ဖြစ်ပွားလျက်ရှိသော တိုက်ခိုက်မှုများနှင့်စပ်လျဉ်း၍ အောက်တို ဘာ ၁၆ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်၍ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် သတင်းဌာန SANA က သတင်းဖော်ပြခဲ့သည်။
ဆီးရီးယားနိုင်ငံသမ္မတ ဘာရှားအယ်လ် အာ ဆတ်နှင့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်တို့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများ ချက်ချင်းပေးပို့ခြင်းနှင့်စပ်လျဉ်း ၍ အလေးထားဆွေးနွေးခဲ့ပြီး အစ္စရေး၏ ပစ်ခတ်မှုအား ရပ်တန့်ရန်နှင့် ဂါဇာတွင် ပါလက်စတိုင်းများ ရွှေ့ပြောင်းနေထိုင်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဂါဇာကမ်းမြှောင်ဒေသတွင် အစ္စရေးစစ်တပ် ၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနိုင်ငံသားအနည်း ဆုံး ၂၇၅၀ သေဆုံးခဲ့ပြီး အစ္စရေးနိုင်ငံတွင်လည်း အောက်တိုဘာ ၁၅ ရက်အထိ သေဆုံးသူ အနည်းဆုံး ၁၂၈၄ဦးရှိကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။