
မန္တလေး အောက်တိုဘာ ၉


======================

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်ပါတီရုံးများအားပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌဦးလှထွန်း လိုက်လံကြည့်ရှု့စစ်ဆေး

မန္တလေး အောက်တိုဘာ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးလှထွန်းသည်မန္တလေးတိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူးဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်း၊ဗဟိုအလုပ်အမှုဆောင်ဦးတင့်လှိုင်မြင့်၊တိုင်းပါတီ ဥက္ကဋ္ဌဦးအောင်ကျော်မိုး၊တိုင်းပါတီအတွင်းရေးမှူး ဦးညွှန့်ဆောင်၊တိုင်းကော်မတီဝင်များနှင့်အတူ (၉.၁၀.၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်း​ဒေသကြီးအတွင်းရှိပြည်ကြီးတံခွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၊အောင်မြေသာစံ ခရိုင်နှင့်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတို့အား သွားရောက်၍ပါတီလုပ်ငန်းဆောင်ရွက်နေမှုများ၊ ပါတီပိုင်အဆောက်အဦးများ၊ရုံးခန်းများ၊ပါတီပိုင်ပစ္စည်းများထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။