မႏၲေလးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီ႐ုံး အစည္းအေဝးခန္းမတြင္ တိုင္းေဒသႀကီးပါတီ အလုပ္အမႈေဆာင္ေကာ္မတီ အစည္းအေဝးျပဳလုပ္

၅-၁၀-၂၀၂၃ ရက္ေန႔ ၁၀:၀၀မွ၁၂:၂၀ အခ်ိန္ထိ မႏၲေလးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီ႐ုံး အစည္းအေဝးခန္းမတြင္ တိုင္းေဒသႀကီးပါတီ အလုပ္အမႈေဆာင္ေကာ္မတီ အစည္းအေဝးျပဳလုပ္ခဲ့ရာ ပါတီဗဟိုအလုပ္အမႈေဆာင္၊တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုး၊တိုင္းေဒသႀကီးပါတီ အတြင္းေရးမႈး ဦးညြန္႔ေဆာင္၊ဘ႑ာေရးမႈး ေဒၚသိဂႌေအာင္ႏွင့္တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ား တက္ေရာက္ခဲ့ၾကပါသည္။အစည္းအေဝးတြင္ ပါတီဗဟို အလုပ္အမႈေဆာင္၊တိုင္းေဒသႀကီးပါတီ ဥကၠဌ ဦးေအာင္ေက်ာ္မိုးက ၿမိဳနယ္မ်ားတြင္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲခြဲမ်ားက ပါတီဝင္အင္အား စီစစ္ေဆာင္ရြက္ရာတြင္ သတ္မွတ္ကာလအမီ ၿပီးစီးေရးအတြက္ တိုင္းေဒသႀကီးပါတီ ေကာ္မတီဝင္မ်ားက မိမိတိုသက္ဆိုင္ရာ နယ္ေျမအလိုက္ ႀကီးၾကပ္ေဆာင္ရြက္သြားေရး၊ျပည့္မ႑ိဳင္ေတြ႕ဆုံပြဲမ်ား ေဆာင္ရြက္ရာတြင္ ပါတီဗဟိုဌာနခ်ဳပ္မွ ခ်မွတ္ထားေသာ လမ္းညႊန္ခ်က္မ်ားႏွင့္အညီျဖစ္ေစေရး ႀကီးၾကပ္ေဆာင္ရြက္သြားေရး လုပ္ငန္းစဥ္မ်ားအား ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။၎ေနာက္ တိုင္းေဒသႀကီးပါတီ အတြင္းေရးမႈး ဦးညြန္႔ေဆာင္က ပါတီဝင္အင္အား စီစစ္ေရးႏွင့္ပတ္သက္ၿပီး ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲခြဲမ်ားက စစ္ေဆးေဆာင္ရြက္ရာတြင္ ၾကဳံေတြ႕ရသည့္ အေျခအေနမ်ားအား ရွင္းလင္းေဆြးေႏြးခဲ့ၿပီး တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ားက နယ္ေျမအေျခအေနမ်ားႏွင့္က႑အလိုက္ လႈပ္ရွားေဆာင္ရြက္မႈမ်ားအား တင္ျပေဆြးေႏြးခဲ့ပါသည္။

===========================

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးပါတီ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးပြုလုပ်

၅-၁၀-၂၀၂၃ ရက်နေ့ ၁၀:၀၀မှ၁၂:၂၀ အချိန်ထိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးပါတီ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီ အတွင်းရေးမှုး ဦးညွန့်ဆောင်၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်နှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးတွင် ပါတီဗဟို အလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီ ဥက္ကဌ ဦးအောင်ကျော်မိုးက မြိုနယ်များတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲများက ပါတီဝင်အင်အား စီစစ်ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအမီ ပြီးစီးရေးအတွက် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များက မိမိတိုသက်ဆိုင်ရာ နယ်မြေအလိုက် ကြီးကြပ်ဆောင်ရွက်သွားရေး၊ပြည့်မဏ္ဍိုင်တွေ့ဆုံပွဲများ ဆောင်ရွက်ရာတွင် ပါတီဗဟိုဌာနချုပ်မှ ချမှတ်ထားသော လမ်းညွှန်ချက်များနှင့်အညီဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်သွားရေး လုပ်ငန်းစဥ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။၎င်းနောက် တိုင်းဒေသကြီးပါတီ အတွင်းရေးမှုး ဦးညွန့်ဆောင်က ပါတီဝင်အင်အား စီစစ်ရေးနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင် အဖွဲခွဲများက စစ်ဆေးဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးပါတီကော်မတီဝင်များက နယ်မြေအခြေအနေများနှင့်ကဏ္ဍအလိုက် လှုပ်ရှားဆောင်ရွက်မှုများအား တင်ပြဆွေးနွေးခဲ့ပါသည်။