ဆီးဂိမ္းေရႊဆုရွင္ ဘိလိယက္ကစားသမား ဦးေပါက္စကို နည္းျပအျဖစ္ ငွားရမ္းလိုက္တဲ့ အင္ဒိုနီးရွား ဘိလိယက္ အဖြဲ႕ခ်ဳပ္

စက္တင္ဘာ ၂၅
ျမန္မာ့ ဘိလိယက္ ခ်န္ပီယံ ဆီးဂိမ္းေရႊတံဆိပ္ဆုရွင္ ဦးေပါက္စကို အင္ဒိုနီးရွားမွ နည္းျပအျဖစ္ငွားရမ္းခဲ့ေၾကာင္း ျမန္မာဘိလိယက္ႏွင့္စႏူကာအဖြဲ႕ထံမွ သိရပါတယ္။
ဦးေပါက္စကို အင္ဒိုနီးရွားနိုင္ငံမွ နည္းျပအျဖစ္ (၄)လ စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး တစ္လလၽွင္ အေမရိကန္ ေဒၚလာ ၃၀၀၀ လစာရရွိမည္ျဖစ္ေၾကာင္း သိရပါတယ္။
ျမန္မာ့ဘိလိယက္ခ်န္ပီယံ ဆီးဂိမ္းေရႊတံဆိပ္ဆုရွင္ ဦးေပါက္စ ဟာ ျမန္မာ့လက္ေရြးစင္ဘိလိယက္ကစားသမားအျဖစ္ (၁၉၉၇) ခုႏွစ္မွစတင္သတ္မွတ္ခံခဲ့ရသူျဖစ္ၿပီး နိုင္ငံတကာဘိလိယက္ေလာကတြင္ Silent Killer (အသံတိတ္လူသတ္သမား) ဟု နာမည္ေျပာင္ရထားသူလည္းျဖစ္ပါတယ္။
ဦးေပါက္စက ဆီးဂိမ္းတြင္ (၆) ႏွစ္ဆက္ ခ်န္ပီယံျဖစ္ထားသည့္ စကၤာပူကိုယ္စားျပဳကစားသမား ပီတာေဂးခရစ္ကို အနိုင္ယူၿပီး (၂၀၂၂) ဗီယက္နမ္ဆီးဂိမ္း၊(၂၀၂၃) ကေမၻာဒီးယားဆီးဂိမ္းၿပိဳင္ပြဲတို႔တြင္ ေရႊတံဆိပ္ဆုရယူနိုင္ခဲ့သူလည္းျဖစ္ပါတယ္။
ျမန္မာ့ ဘိလိယက္ ခ်န္ပီယံ ဆီးဂိမ္းေရႊတံဆိပ္ဆုရွင္ ဦးေပါက္စကို ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္ ဇူလိုင္လကလည္း မေလးရွားနိုင္ငံက နည္းျပအျဖစ္ ငွားရမ္းခဲ့ေသးေၾကာင္း သိရပါတယ္။

===========================

ဆီးဂိမ်းရွှေဆုရှင် ဘိလိယက်ကစားသမား ဦးပေါက်စကို နည်းပြအဖြစ် ငှားရမ်းလိုက်တဲ့ အင်ဒိုနီးရှား ဘိလိယက် အဖွဲ့ချုပ်

စက်တင်ဘာ ၂၅
မြန်မာ့ ဘိလိယက် ချန်ပီယံ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် ဦးပေါက်စကို အင်ဒိုနီးရှားမှ နည်းပြအဖြစ်ငှားရမ်းခဲ့ကြောင်း မြန်မာဘိလိယက်နှင့်စနူကာအဖွဲ့ထံမှ သိရပါတယ်။
ဦးပေါက်စကို အင်ဒိုနီးရှားနိုင်ငံမှ နည်းပြအဖြစ် (၄)လ စာချုပ်ချုပ်ဆိုထားပြီး တစ်လလျှင် အမေရိကန် ဒေါ်လာ ၃၀၀၀ လစာရရှိမည်ဖြစ်ကြောင်း သိရပါတယ်။
မြန်မာ့ဘိလိယက်ချန်ပီယံ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် ဦးပေါက်စ ဟာ မြန်မာ့လက်ရွေးစင်ဘိလိယက်ကစားသမားအဖြစ် (၁၉၉၇) ခုနှစ်မှစတင်သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး နိုင်ငံတကာဘိလိယက်လောကတွင် Silent Killer (အသံတိတ်လူသတ်သမား) ဟု နာမည်ပြောင်ရထားသူလည်းဖြစ်ပါတယ်။
ဦးပေါက်စက ဆီးဂိမ်းတွင် (၆) နှစ်ဆက် ချန်ပီယံဖြစ်ထားသည့် စင်္ကာပူကိုယ်စားပြုကစားသမား ပီတာဂေးခရစ်ကို အနိုင်ယူပြီး (၂၀၂၂) ဗီယက်နမ်ဆီးဂိမ်း၊(၂၀၂၃) ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲတို့တွင် ရွှေတံဆိပ်ဆုရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
မြန်မာ့ ဘိလိယက် ချန်ပီယံ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် ဦးပေါက်စကို ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဇူလိုင်လကလည်း မလေးရှားနိုင်ငံက နည်းပြအဖြစ် ငှားရမ်းခဲ့သေးကြောင်း သိရပါတယ်။