ပေါ့ဂ်ဘာ ဒဏ်ရာရသွား၍ မော်ရင်ဟို စိုးရိမ်

ပြင်သစ်ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာသည် ဘေဆယ်ကို ၃-၀ ဂိုးဖြင့် နိုင်သောပွဲတွင် ရခဲ့သော တံကောက်ကြော ဒဏ်ရာကြောင့် သီတင်းပတ်အနည်း ငယ်ကြာအနားယူနိုင်၍ မန်ယူနည်းပြ မော်ရင်ဟိုက စိုးရိမ်နေသည်။

ယင်းပွဲပထမပိုင်းတွင် ပေါ့ဂ်ဘာတံကောက်ကြော ဒဏ်ရာရခဲ့ပြီးနောက် ၎င်းအနားယူရမည့်အချိန်ကို ဆေး စစ်ဆေးမှု ရလဒ် ထွက်ပေါ်ပြီးမှ သိနိုင်မည်ဖြစ်သော်လည်း မော်ရင်ဟိုက ပေါ့ဂ်ဘာသည် သီတင်းပတ် အနည်းငယ်ကြာ နားရလိမ့်မည်ဟု ပြောသည်။

‘‘အဲဒါဟာ ကြွက်သားဒဏ် ရာဆိုတာ ကျွန်တော့်အတွေ့အကြုံအရ သိနေပါတယ်။ ကျွန်တော့်အတွေ့အကြုံ အရ ကြွက်သားဒဏ်ရာမျိုးဟာ သီတင်းပတ် နည်းနည်းတော့ နားရလေ့ရှိပါ တယ်’’ဟု မော်ရင်ဟိုကပြော သည်။ ပေါ့ဂ်ဘာသည် မော်ရင်ဟို ၏ သုံးသပ်ချက်အတိုင်း ဒဏ်ရာ အခြေနေမကောင်းပါက အဲဗာတန်၊ ဘာတန် အယ်ဘီယွန်၊ ဆောက်သမ်တန်၊ စီအက်စ်ကေ အေနှင့် ခရစ္စတယ်ပဲလေ့စ် အ သင်းတို့နှင့်ပွဲများကို လွဲချော်မည် ဖြစ်သည်။

တနင်္ဂနွေနေ့ပွဲတွင် ပေါ့ဂ်ဘာမပါဝင်နိုင်ပါက ဟာရဲရား၊ ကာရစ်၊ ဖယ်လိုင်နီနှင့် မက်တစ် တို့အနက် တစ်ဦးဦးကို ရွေးချယ်  မည်ဟု မော်ရင်ဟိုက ပြောသည်။

ထို့အပြင် ချန်ပီယံလိဂ်နှင့် ပတ်သက်၍ ပြောကြားရာတွင် အသင်းကြီးများ ဆက်လက် ကြီးစိုးထား နိုင်သည်ဟုဆိုပြီး မိမိ တို့အနေဖြင့် နောက်တစ်ဆင့် သို့ တက်လှမ်းနိုင်ရေး ဦးစွာကြိုး ပမ်းမည်ဟု ဆိုသည်။

—Ref:Goal