မှတ်ပုံတင်မူရင်းပြသ၍ မြန်မာ့မီးရထား၏ ကြိုတင်လက်မှတ်များဝယ်ယူနိုင်

မြန်မာ့မီးရထားမှ လက်ရှိအချိန်တွင် ပြေးဆွဲလျက်ရှိသည့် ရထားခရီးစဥ်များ၏ ကြိုတင် လက်မှတ်များအား မှတ်ပုံတင်မူရင်းပြသ၍ ဝယ် ယူနိုင်ကြောင်း သိရသည်။ ကြိုတင်လက်မှတ်များအား ရန်ကုန်မြို့၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းရှိ  ရန်ကုန်ဘူတာကြီး ကြိုတင် လက်မှတ်ရုံတွင်  နံနက် ၈ နာရီမှမွန်းတည့် ၁၂ နာ ရီအထိ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဝယ်ယူရာတွင် မှတ်ပုံတင်မူရင်းအားပြသ၍ ဝယ်ယူနိုင်ကာ ထောက်ခံစာများဖြင့် ဝယ်ယူခွင့်မပြုကြောင်း သိရသည်။

လက်ရှိအချိန်၌ ကြိုတင်လက်မှတ်များအား ရန်ကုန်-မန္တလေး အမှတ်-၅ အဆန်၊ အမှတ်-၃ အဆန်၊ ရန်ကုန်-ပြည် အမှတ်-၇၁ အဆန်၊ ရန်ကုန်-မော်လမြိုင် အမှတ်-၈၉ အဆန်ရထားများ၏ ရိုးရိုးတန်းနှင့်အထက်တန်း ရထားလက်မှတ်များကို တစ်ရက် ကြိုတင်ဝယ်ယူနိုင်ကြောင်း သိရသည်။