ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မန္တလေးတိုင်းအတွင်းရှိ ကျောင်းအချို့ ပိတ်ထားရ

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ်၊ မြွေပုသိမ်ကျေးရွာရှိ အ.မ.က (၁၀၇) နှင့် (၁၀၈) စာသင်ကျောင်း နှစ်ကျောင်း၊ တံတားဦးမြို့နယ်၊ မုန့်တီစု ကျေးရွာအပါအ၀င် ၁၁ ရွာ၌ စာသင်ကျောင်း ၁၁ ကျောင်း ၊အမရပူရမြို့နယ်၊ ရွှေလေးကျေးရွာအပါအအ၀င် ရွာပေါင်း ၁၁ ရွာတို့မှ စာသင်ကျောင်း ၁၂ ကျောင်းတို့အား ခေတ္တပိတ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဧရာဝတီမြစ်ရေသည် ယနေ့(ဇူလိုင်လ ၂၂)အထိ စိုးရိမ်ရေအမှတ်ထက် (၂၇) စင်တီမီတာကျော်လွန်၍ (၁၂၈၅) စင်တီမီတာအထိ မြင့်တက်လာမှုကြောင့် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ခေတ္တပိတ်တား ရပြီး ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ လူနေအိမ်များ ရေလွတ်ရာသို့ ပြောင်းရွေ့နေထိုင်ရကြောင်း သိရသည်။

ဧရာဝတီမြစ်ရေသည် တံတားဦးမြို့နယ်သို့ ဇူလိုင်လ(၁၉) ရက်နေ့မှ ရေများစတင်၍ ယနေ့အချိန်အထိ မြစ်ရေကြီးမြင့်မှုကြောင့် အခြေခံပညာကျောင်းများ ခေတ္တပိတ်ထားရပြီး ရပ်ကွက် /ကျေးရွာ အုပ်စုအတွင်းရှိ လူနေအိမ်များ ရေလွတ်ရာသို့ ပြောင်းရွေ့နေထိုင်ကြရသည်။

တံတားဦးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၁၇)အုပ်စု အိမ်ထောင်စု ပေါင်း(၁၁၁၈)စု လူဦးရေပေါင်း( ၄၃၆၅)ဦး၊ တိရစ္ဆာန်ပေါင်း(၁၂၅၁)ကောင်တို့အား ရေလွတ်ရာကုန်းမြင့်များဖြစ်သည့် နီးစပ်ရာ ဆွေမျိုးသားချင်း အိမ်များ၊ စေတီပုထိုးများ ၊ဘုန်းတော်ကြီး များသို့ ပြောင်းရွှေ့ နေထိုင်ကြကြောင်းသိရသည်။ STD