ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နှစ်သစ်တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကားပြောကြား

 

အမရပူရ ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ၂ဝ၁၉ ခုနှစ် နှစ်သစ်တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉နာရီမှ ၁၁နာရီအထိကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးဝဏ္ဏမောင်လွင်တက်ရောက်အမှာစကားပြောကြားခဲ့သည်။

နှစ်သစ်တွေ့ဆုံပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အမရပူရမြို့နယ် ပါတီကော်မတီဝင် ဦးဇော်အောင်ထက်က ”ယခုလိုပွဲကို ယမန်နှစ်က စတင် ကျင်းပခဲ့ပါတယ်။ တက်ရောက်လာကြတဲ့ ရပ်ကွက်ကျေးရွာပါတီတာဝန်ဆောင်ရွက်နေသူတွေ၊ ယခင်ကတာဝန်ယူဆောင်ရွက်ခဲ့သူတွေက နှစ်စဉ်ကျင်းပ ဖို့တောင်းဆိုမှုတွေရှိခဲ့ပါတယ်။ ကျွန်တော်တို့ အမရပူရမြို့နယ်ပါတီကော်မတီကလည်း တတ်စွမ်းသမျှဆောင်ရွက်ပေးမယ်လို့ ကတိပြုပြောကြားခဲ့ပါ တယ်။ နှစ်သစ်တွေ့ဆုံပွဲကျင်းပရတဲ့ဆောင်ရွက်တဲ့ရည်ရွယ်ချက်ကတော့ ပါတီမှာတာဝန်အဆင့်ဆင့်ယူထားသူတွေနပါတီတာဝန်ဆောင်ရွက်ဖူးသူတွေ ပိုမို စည်းလုံးညီညွတ်စေခြင်း၊ ပြည်သူအတွက် တစ်နှစ်တာဆောင်ရွက်ခဲ့မှုများကို အသိ အမှတ်ပြုစေခြင်း၊ ရောက်ရှိဖြတ်သန်းကြရ မည့်နှစ်သစ်မှာ ပြည်သူအတွက် ခွန်အား ပြည့်ဖြင့်ပိုမိုဆောင်ရွက်နိုင်စေခြင်းနဲ့ အခြား ရည်ရွယ်ချက်များစွာတို့နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်းဒေသ ကြီးတာဝန်ခံ ဦးဝဏ္ဏမောင်လွင်က ယနေ့ ကျင်းပသည့်ပွဲသည်ပါတီ၏ စည်းလုံးညီ ညွတ်မှု၊ အပြန်အလှန် လေးစားယုံကြည်မှု ကိုပြသည့်ပွဲဖြစ်ပါကြောင်း၊ ပါတီအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်ရေးတာဝန်များကိုဆောင် ရွက်လျက်ရှိပြီးပါတီဝင်များအနေဖြင့်လည်း ထိန်းသိမ်း ကာကွယ်စောင့်ရွက်ရမည့် တာဝန်ရှိပါကြောင်း၊ ဒို့တာဝန်အရေးသုံး ပါးကို ထိပါးနှောင့်ယှက်မှုမှန်သမျှကို ကာ ကွယ်သွားရမှာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး နှင့်ပတ်သက်၍ မိမိတို့ပါတီအနေဖြင့် ကန့်ကွက်ရန်မရှိ ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးနှင့်ပတ်သက်၍ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁၂)ပါလုပ်ငန်းစဉ် အဆင့်အတိုင်း ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရာတွင်ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ကိုက်ညီကျင့်သုံးရန် လိုကြောင်း၊ မိမိတို့ပြည်ခိုင်ဖြိုးပါတီ အနေ ဖြင့် ဒီမိုကရေစီနိုင်ငံတော်အဖြစ် အောင် မြင်စွာ အစပျိုးဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါ ကြောင်း၊ မိမိတို့ ပြည်ခိုင်ဖြိုး ပါတီအစိုးရ လက်ထက်မှာ ပြည်သူလူထုဘဝတိုးတက် မြင့်မားအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါ ကြောင်းကို မှာကြားသည်။

ထို့နောက်ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အမရပူရမြို့နယ်ပါတီ ဥက္ကဋ္ဌဦးသိန်းထွန်းဦးတို့က နှုတ်ခွန်းဆက် စကားများ အသီးသီးပြောကြားပြီးနောက် ၂ဝ၁၉ခုနှစ် နှစ်သစ်တွေ့ဆုံပွဲအမှတ်တရ လက်ဆောင်များပေးအပ်ခြင်းနှင့် ပျော်ရွှင် ဖွယ်ရာ ကံစမ်းမဲများ ဖောက်ပေးကြသည်။

ထို့နောက်ရပ်/ကျေးပါတီဝင်များကိုယ် စားပါတီဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြား၍ နှစ်သစ်တွေ့ဆုံပွဲအောင်မြင်စွာ ပြီးဆုံးခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံဦးဝဏ္ဏမောင်လွင်နှင့်အတူ ပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသ ကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသ ကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော် မိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ပါတီပြောရေးဆိုခွင့်ရှိသူ အမရပူရမြို့နယ် ပါတီဥက္ကဋ္ဌဦးသိန်းထွန်းဦး၊ မန္တလေးခရိုင် ပါတီအတွင်းရေးမှူးဒေါ်ဝါဝါလှိုင်နှင့် ခရိုင် ပါတီကော်မတီဝင်များ၊ အမရပူရမြို့နယ် ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်နှင့် မြို့ နယ် ပါတီကော်မတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများ၊ ရပ်ကွက်နှင့် ကျေးရွာများမှ ပါတီဥက္ကဋ္ဌများနှင့် ပါတီ ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။

သုတ(မန္တလေး)